DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ်၌  TNLA တပ်က ရွာသားများကို အဓမ္မ ခိုင်းစေ၊ ဆိုင်ကယ်ချောဆွဲနေ 
DVB
·
March 6, 2024
လားရှိုးမြို့နယ်၌  TNLA တပ်က ရွာသားများကို အဓမ္မ ခိုင်းစေ၊ ဆိုင်ကယ်ချောဆွဲနေ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စုထဲမှာ နယ်မြေထဲ လာရောက် စခန်းချနေတဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ ချိုးရေ၊ သုံးရေအတွက် ရွာသားတွေကို ရေခပ်ပေးဖို့ အဓမ္မခိုင်းစေတာနဲ့ ဆိုင်ကယ်ချောဆွဲတာ ရှိနေတယ်လို့  ရွာသားတွေက ပြောပါတယ်။ 

အောင်ဆာ ဦးဆောင်တဲ့  TNLA တပ်ရင်း ၅၅၇ မှ တပ်ဖွဲ့ဝင်တွေဟာ လွန်ခဲ့သော ၃ လကျော်ကစပြီး နမ့်ပေါင်အုပ်စုထဲ လာရောက်အခြေချပြီးတဲ့ နောက်ပိုင်း သူတို့ ရောက်နေတဲ့ ရွာအနီးက ရွာသားတွေကို ရေခပ်ခိုင်းတာ၊ သူတို့ သွားရေးလာရေး အသုံးပြုဖို့ ဆိုင်ကယ် တနေ့ကို ၃-၄ စီး ချောဆွဲနေတယ်လို့  ဒေသခံရွာသားတဦးက ပြောပါတယ်။ 

“အခုလောလောဆယ် သူတို့က ကုန်းပေါင်းရွာနားက တောင်ကုန်းပေါ်မှာ စခန်းချတယ်၊ သူတို့ ချိုးဖို့ သုံးဖို့ရေကို ရွာသားတွေကို ပို့ခိုင်းတယ်၊ တောင်အောက်ကနေ တောင်ပေါ်ကို ရေထမ်းပို့ရတာ တော်တော်တော့မလွယ်ဘူး၊ တနေ့ကို အနည်းဆုံး ရေပုံး ၂၀ ကျော် ပို့ပေးရတယ်။ သူတို့က တနေရာတည်း ကြာကြာမနေဘဲ အုပ်စုထဲမှာ ဟိုပြောင်း ဒီပြောင်း လုပ်နေတာလေ၊ ခုန်စုန်နဲ့ ဖာပလန်ရွာသားတွေလည်း အဲဒီလိုပဲ ပို့ပေးရတယ်တဲ့ ပြီးတော့ ဆိုင်ကယ်ချောဆွဲတယ်၊ အစက သူတို့သွားချင်တဲ့နေရာ ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းတာ၊ နောက်တော့ လူမပါဘဲ ဆိုင်ကယ်ပဲ ယူတယ်၊ ကျေးရွာကင်းတဲမှာ တနေ့ကို ၃- ၄ စီး အလှည့်ကျ သွားထားပေးရတယ်၊ စီးပြီးရင်တော့ ပြန်လာပို့ပါတယ်၊ ပျက်စီးတာရှိရင်တော့ ကိုယ့်ဘာသာ ကိုယ်ပြင်ပေါ့။”

အလားတူ သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုထဲမှာလည်း TNLA တပ်ဖွဲ့ဝင်တွေအတွက် ရွာသားတွေက နေ့စဉ် ထမင်းထုပ် ပို့ပေးနေရတယ်လို့ ဆိုပါတယ်။ 

TNLA ပါတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်တော်လှန်ရေးလို့ ကြွေးကြော်နေပေမဲ့ ရွာသားတွေကို အခုလို အဓမ္မစေခိုင်းတာတော့ သူတို့ကိုယ်တိုင် အာဏာရှင် ဆန်နေကြောင်း၊ TNLA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒီကိစ္စကို ပြန်လည်စစ်ဆေးအရေးယူ သင့်တယ်၊ ရွာသားတွေကို ဆက်ပြီးအဓမ္မစေခိုင်းနေမယ်ဆိုရင် ရေရှည်မှာ ဌာနေတိုင်းရင်းသား လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲကာ ပြဿနာတွေရှိလာနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

အခုလို ရွာသားတွေကို အဓမ္မခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး TNLA တပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013