DVB Logo
Home
နိုင်ငံတကာ
ကိုင်ရိုတွင် ကျင်းပသည့် ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ တိုးတက်မှုမရှိ
DVB
·
March 6, 2024
ကိုင်ရိုတွင် ကျင်းပသည့် ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ တိုးတက်မှုမရှိ
Donate to DVB

အီဂျစ်၊ ကာတာနဲ့ ဟားမတ်စ်တို့အကြား ကိုင်ရိုမြို့မှာကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဟာ ဘာတိုးတက်မှု လက္ခဏာမှ မရှိခဲ့တာကြောင့် အပစ်အခတ်ရပ်စဲပြီးမှသာ ဂါဇာရှိ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အစ္စရေးဓားစာခံတွေ အလဲအလှယ် ဖြစ်ပေါ်လာနိုင်တယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ အိုဆာမာ ဟမ်ဒန်က မတ်လ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟမ်ဒန်က အစ္စရေးရဲ့ စစ်ရေးထိုးစစ်ကို အဆုံးသတ်ရေး၊ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာရေး၊ ဂါဇာကမ်းမြောင်ရဲ့ တခြားနေရာတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ပါလက်စတိုင်းတွေ သူတို့နေအိမ်တွေဆီ ပြန်ရောက်ရှိရေးဆိုတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အပေးအယူကိုပဲ အခါခါ ပြောဆိုပါတယ်။

ဟမ်ဒန်က “စစ်မြေပြင်မှာ မအောင်မြင်တဲ့ရန်သူက ညှိနှိုင်းရေးစားပွဲဝိုင်းမှာလည်း အောင်မြင်မှာ မဟုတ်ဘူး။ ထာဝရ အပစ်အခတ်ရပ်စဲရေး၊ ရန်လိုမှု အဆုံးသတ်ရေးနဲ့ ဆုတ်ခွာရေး တို့ကလွဲလို့ ပါလက်စတိုင်းပြည်သူတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးက အောင်မြင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အစ္စရေးက ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားပေမဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ကျန်ရှိနေသေးတယ်လို့ ယူဆရတဲ့ အထူးသဖြင့် ဂါဇာမြောက်ပိုင်းမှာ လူသားချင်း စာနာထောက်ထားမှု အခြေအနေက အလွန်ဆိုးရွားနေပါတယ်။

ကုလသမဂ္ဂဟာ ဇန်နဝါရီ ၂၃ ရက်ကတည်းက ဂါဇာမြောက်ပိုင်းကို စားနပ်ရိက္ခာ အကူအညီတွေ ပေးပို့နိုင်ခြင်း မရှိသေးပါဘူး။

အစ္စရေးအာဏာပိုင်တွေဟာ သူတို့တပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းတွေကို ဝင်ရောက်ခွင့် ငြင်းပယ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဂါဇာကမ်းမြောင်ကို လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ အစားအစာတွေကို လေကြောင်းကနေ ဆက်တိုက်ကြဲချတဲ့ အစီအစဉ်ကို မတ်လ ၂ ရက်နေ့မှာ ပထမဆုံး ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်အစိုးရကို ပြောချင်တာက ဒီလို အကူအညီပစ္စည်းတွေ ပေးတာမျိုးထက် သိမ်းပိုက်ထားတဲ့ စစ်တပ်ကို ရပ်တန့်ပြီး လက်နက်တွေ၊ ကျည်ဆန်တွေ၊ ဒုံးကျည်တွေ စတဲ့ လက်နက်ထောက်ပံ့တာကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ အိုဆာမာ ဟမ်ဒန်က ပြောသွားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဂါဇာကမ်းမြောင်ဒေသက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဟားမတ်စ်တွေလက်ထဲမှာ ရှိနေပြီး ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပိုမိုရရှိဖို့က အပစ်အခတ်ရပ်စဲရေးကို လိုအပ်ကြောင်း မတ်လ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဓားစာခံ သဘောတူညီချက်ကလည်း ဟားမတ်စ်လက်ထဲမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရာမာဒန် ဥပုသ်လမှာလည်း ဒီအခြေအနေအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ရာမာဒန်၊ အစ္စရေးနဲ့ ဂျေရုဆလင်တို့ဟာ အလွန်အန္တရာယ်များတာကြောင့် အပစ်အခတ်ရပ်စဲရေး ရရှိဖို့ လိုအပ်နေပြီး အဲဒီအတွက် ကြိုးစားနေပါတယ်လို့ သမ္မတ ဘိုင်ဒင်က မေရီလန်းပြည်နယ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

Source/Photo-REUTERS/Amir Cohen

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013