DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း ခမရ (၅၅၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲ၌  ဗျူဟာမှူးနှင့် တပ်ရင်းမှူး အသေဖမ်းမိပြီး စစ်လက်နက်များ အေအေ သိမ်းဆည်းရရှိ
DVB
·
March 6, 2024
ပုဏ္ဏားကျွန်း ခမရ (၅၅၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲ၌  ဗျူဟာမှူးနှင့် တပ်ရင်းမှူး အသေဖမ်းမိပြီး စစ်လက်နက်များ အေအေ သိမ်းဆည်းရရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးကျန်ရှိတဲ့ ခမရ ၅၅ဝ တပ်ရင်းကို ၁၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကိုသိမ်းယူနိုင်ခဲ့ပြီး ဗျူဟာမှူးနဲ့  တပ်ရင်းမှူးအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အသေဖမ်းဆီးရမိတဲ့အပြင် စစ်လက်နက်ပစ္စည်တွေလည်း အများအပြား သိမ်းဆည်းရရှိတယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပုဏ္ဏားကျွန်းမြို့ဟာ ရခိုင်ဒေသအတွင်းက စစ်ကောင်စီကင်းစင်တဲ့ နောက်ထပ်မြို့တမြို့ ဖြစ်လာခဲ့ပြီလို့ အေအေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ မတ် ၄ ရက်အထိ ၁၃ ရက်ကြာ တိုက်ခိုက်တဲ့ ခမရ (၅၅၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း အဲဒီတပ်ရင်းက ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြား အသေဖမ်းမိခဲ့ကြောင်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ကို စစ်တွေကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အမြင့်ကျွန်း တံတားထိပ်မှာ အေအေက ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း အေအေက လက်ရဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိကြောင်း အေအေထုတ်ပြန်ချက်မှာ ပါရှိပေမဲ့ အသေးစိတ်အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ မပြောထားပါဘူး။

ဒီတိုက်ပွဲထဲမှာ လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တိုင်းကို အသက်ချမ်းသာပေးပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာလလယ်လောက်ကစတဲ့ ရခိုင်ပြည်နယ်ရဲ့ တကျော့ပြန်တိုက်ပွဲ ၄ လလောက်အတွင်း အေအေက မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ တောင်ပြို၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

ရခိုင်ပြည်နယ်တခုလုံး စစ်ကောင်စီကင်းစင်တဲ့ဒေသဖြစ်ဖို့ ကျန်ရှိနေသေးတဲ့ မြို့တွေကိုလည်း တခုပြီးတခု မရပ်မနား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းလည်း အေအေက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013