DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကို ရွေးကောက်ပွဲမဲစာရင်းမှ ပိတ်ပင်ခွင့်မရှိဟု တရားရုံးချုပ် ဆုံးဖြတ်
DVB
·
March 5, 2024
ထရမ့်ပ်ကို ရွေးကောက်ပွဲမဲစာရင်းမှ ပိတ်ပင်ခွင့်မရှိဟု တရားရုံးချုပ် ဆုံးဖြတ်
Donate to DVB

ရွေးကောက်ပွဲ မဲစာရင်းမှာ ဒေါ်နယ်ထရမ့်ပ်ရဲ့ နာမည်ကို မထည့်ဖို့ ပိတ်ပင်ပိုင်ခွင့် ကော်လိုရာဒိုပြည်နယ်မှာ မရှိဘူးလို့ ပြည်ထောင်စုတရားရုံးချုပ်က မတ်လ ၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တခုဖြစ်တဲ့ ဆူပူအုံကြွမှုမှာ ပါဝင်ပတ်သက်သူတွေဟာ ရွေးကောက်ပွဲပြိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ကို အခြေခံပြီး ပြည်ထောင်စုအဆင့် ရာထူးတခုမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်နယ်တွေက ပိတ်ပင်ပိုင်ခွင့် မရှိဘူးလို့ ပြည်ထောင်စုတရားရုံးချုပ် တရားသူကြီး ကိုးဦးစလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၁၄ အရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း အကြိုရွေးကောက်ပွဲ မဲစာရင်းမှာ ပါဝင်ပိုင်ခွင့်မရှိဘူးလို့ ကော်လိုရာဒိုပြည်နယ်တရားရုံးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က ထရမ့်ထောက်ခံသူတွေ ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ကိစ္စမှာ ထရမ့်က လှုံ့ဆော်ပေးခဲ့၊ ထောက်ခံပေးခဲ့တဲ့အတွက် ပုန်ကန်ထကြွမှုမှာ ပါဝင်ရာရောက်တယ်လို့ ကော်လိုရာဒို တရားရုံးက ကောက်ချက်ချခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုတရားရုံးချုပ်ကတော့ ပြည်ထောင်စုအဆင့် ရာထူးနေရာတွေအတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြဋ္ဌာန်းချက်ကို ကွန်ဂရက်လွှတ်တော်၊ တနည်းအားဖြင့် ပြည်ထောင်စုအဆင့် လွှတ်တော်ကသာ အတည်ပြုဆောင်ရွက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

တရားသူကြီးကိုးဦးမှာ လေးဦးကတော့ ဒီပြဋ္ဌာန်းချက်ကို နောင်အခါမှာ ဘယ်လိုပဲ အတည်ပြု ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အချက် ထည့်သွင်းဆုံးဖြတ်တာကိုတော့ သဘောမတူကြောင်း စီရင်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

Source/Photo-REUTERS/Jay Paul

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013