DVB Logo
Home
နိုင်ငံတကာ
နာမည်ကျော် ကွန်ဖူးပန်ဒါရုပ်ရှင် Kung Fu Panda 4 အထူးပွဲပြသမှုပုံရိပ်များ (ဓာတ်ပုံ)
DVB
·
March 5, 2024
နာမည်ကျော် ကွန်ဖူးပန်ဒါရုပ်ရှင် Kung Fu Panda 4 အထူးပွဲပြသမှုပုံရိပ်များ (ဓာတ်ပုံ)
1 / 5
Donate to DVB

နာမည်ကြီး အဲန်နီမေးရှင်း ရုပ်ရှင်ကားတွေဖြစ်တဲ့ ကွန်ဖူးပန်ဒါ နောက်ဆက်တွဲ လေးကား မြောက်အနေနဲ့ ထွက်ရှိလာတဲ့ Kung Fu Panda 4 ရုပ်ရှင်ကို အမေရိကန်နိုင်ငံ၊ လော့စ် အိန်ဂျလိစ်မြို့မှာ အထူးပွဲပြသခဲ့ပါတယ်။

မတ် ၃ ရက်က ကျင်းပတဲ့ ဒီပွဲကိုတော့ ဖန်တီးရှင် ဒါရိုက်တာ မိုက်ခ်မစ်ရှဲလ်နဲ့အတူ အသံ နဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟောလိဝုဒ်နာမည်ကျော် ‌သရုပ်ဆောင်တွေ အပါအဝင် အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာပါ။

ဒီကားကိုတော့ DreamWorks Animation ကနေ ထုတ်လုပ်ပြီး Universal Pictures ကနေ ဖြန့်ချိသွားမှာဖြစ်ကာ လာမယ့် မတ် ၈ ရက်ကစလို့ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ပထမဦးဆုံးသော ကွန်ဖူးပန်ဒါရုပ်ရှင်ကိုတော့ ၂၀၀၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အပိုင်း ၂၊ ၂၀၁၆ ခုနှစ်မှာ အပိုင်း ၃ ထွက်ရှိခဲ့တာဖြစ်ကာ CGI အထူးပြုလုပ်ချက်တွေနဲ့ ဒီကားတွေဟာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိမှုနဲ့အတူ ပရိသတ်အားပေးမှုတွေ များစွာရရှိထားခဲ့တာပါ။

လတ်တလောမှာတော့ အပိုင်း ၃ ထွက်ရှိအပြီး ၈ နှစ်အကြာမှာမှ ကွန်ဖူးပန်ဒါအပိုင်း ၄ ထွက်ရှိချိန်မှာလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့Kung Fu Panda 4 ရုပ်ရှင်ဟာ IMDb မှာလည်း Rating 7.1 အထိ ရရှိထားပြီး ဒီကားထဲမှာရော အဓိက ဇာတ်ကောင် နဂါးဆရာသခင် ပိုရဲ့  စိတ်ဝင်စားစရာ ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေ ထည့်သွင်းတင်ဆက်ထားဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပါ။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013