DVB Logo
Home
နိုင်ငံတကာ
ဗုဒ္ဓဘုရားနှင့် အရှင်သာရိပုတ္တရ၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့၏ ဓာတ်တော်များ ထိုင်းသို့ ရောက်ရှိ အပူဇော်ခံ 
DVB
·
March 5, 2024
ဗုဒ္ဓဘုရားနှင့် အရှင်သာရိပုတ္တရ၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့၏ ဓာတ်တော်များ ထိုင်းသို့ ရောက်ရှိ အပူဇော်ခံ 
Donate to DVB

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓမြတ်စွာဘုရား၊  သားတပည့်တော် အရှင်သာရိပုတ္တရ၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ရဲ့ ဓာတ်တော်မွေတော်တွေ လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိ လှည့်လည်ပူဇော်ခံနေပါတယ်။

၂၀၂၄ ခုနှစ်ဟာ ဒသမမြောက်ထိုင်းဘုရင် ဝဇီရာလောင်ကွန်းရဲ့  ၁၂ နှစ် ၆ ပတ်လည်ပြည့် ( ၇၂ နှစ်ပြည့်) မွေးနေ့ကျရောက်မှာဖြစ်တာကြောင့် အဆိုပါအထိမ်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓမြတ်စွာဘုရား၊  သားတပည့်တော် အရှင်သာရိပုတ္တရ၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ရဲ့ ဓာတ်တော်မွေတော်တွေကို ပင့်ဆောင်ဖူးမြော်ကြည်ညိုခဲ့တာ ဖြစ်ပါတယ်။ 

ဓာတ်တော်မွေတော်တွေမှာ ဗုဒ္ဓရဲ့ လက်သူကြွယ်ရိုး ၊ မထေရ်မြတ် ၂ ပါးရဲ့ အရိုးတွေပါဝင်ပြီး ပြီး ခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကထိုင်းနိုင်ငံကို စတင်ပင့်ဆောင်ခဲ့ပါတယ်။  အများပြည်သူတွေ ဖူးမြော်နိုင်ဖို့  ဘန်ကောက်ဆနာမ်လုံ ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီ ၂၄ မှ မတ်လ ၃ ရက်နေ့ထိ စံမြန်းခဲ့ပါတယ်။

ဘန်ကောက်မှာ အပူဇော်ခံစဉ်  ထိုင်းနိုင်ငံနဲ့တကွ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုစတဲ့ အိမ်နီးချင်းနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေပါ လာရောက်ဖူးမြော်တာကြောင့် လူပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မတ်လ ၄ ရက် မှာတော့ ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ကို ပင့်ဆောင်လာပြီး ရာ့ချ်ဖိုတ်တော် ဝင်ပန်းခြံရှိ ဟော်ခမ်းလုံနန်းတော်မှာ စံမြန်းလျက်ရှိပါတယ်။

ဓာတ်တွေမွေတော်တွေ ရောက်ရှိ လာစဉ်  ချင်းမိုင်ခရိုင်ဝန်ဦးဆောင်တဲ့ မြို့မိမြို့ဖ၊ ယဉ်ကျေးမှုအဖွဲ့တွေက လန့်နားရိုးရာအကတွေ၊ သာသနာ့အလံတော်၊ ထိုင်းနိုင်ငံအလံ၊ အိန္ဒိယနိုင်ငံအလံ စစ်ကြောင်းတွေနဲ့ စီတန်းလှည့်လည်ကာ ခမ်းနားစွာကြိုဆိုခဲ့ကြပါတယ်။ 

ချင်းမိုင်မြို့  ဟော်ခမ်းလုံနန်းတော်မှာ မတ်လ ၅ ရက်မှ ၈ ရက်ထိ နေ့စဉ် မနက် ၈ နာရီမှ ည ၉ နာရီထိ မည်သူမဆို သွားရောက်ဖူးမြော်ကြည်ညိုနိုင်တယ်လို့ ဆိုပါတယ်။ 

သွားရောက် ဖူးမြော်လိုသူတွေအနေနဲ့ အဖြူရောင်ဝတ်စုံသာ ဝတ်ဆင်ဖို့၊ တိုနှံ့တဲ့ အင်္ကျီစကတ်နဲ့ ဘောင်းဘီတွေ မဝတ်ဆင်ရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားပါတယ်။

သံဃာတော်တွေ၊ အသက်ကြီးရင့်သူတွေနဲ့  မသန်မစွမ်းသူတွေအတွက် ဘုရားကန်တော့ပန်းကို အခမဲ့ရယူနိုင်တယ်လို့ ဆိုပါတယ်။

မတ်လ ၁၀ ရက်မှ ၁၃ ရက်ထိ ထိုင်းအရှေ့မြောက်ပိုင်း ဥဘွန်းရာ့ချ်ဌာနီခရိုင်သို့ အပူဇော်ခံမှာဖြစ်ပြီး မတ်လ ၁၅ မှ ၁၈ ထိတော့ ထိုင်းတောင်ပိုင်းဒေသဆီ လှည့်လည်ပူ ဇော်ခံမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  

Source: ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013