DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ် နွေဦးစစ်ရေးလေ့ကျင့်မှု စတင်
DVB
·
March 4, 2024
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ် နွေဦးစစ်ရေးလေ့ကျင့်မှု စတင်
Donate to DVB

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တို့ဟာ နွေဦးစစ်ရေးလေ့ကျင့်ခန်းကို မနှစ်ကထက်စာရင် ပူးပေါင်းတဲ့ စစ်သည်အင်အား နှစ်ဆနဲ့ မတ်လ ၄ ရက်မှာ စတင်လိုက်ပြီလို့ အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးကျည်သုံး နျူးကလီးယားစွမ်းရည်တွေ တခြားလက်နက်တွေကို ပိုတိုးစမ်းသပ်နေလို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မတ်လ ၄ ရက်ကနေ ၁၄ ရက်ထိ လေ့ကျင့်ဖို့ သတ်မှတ်ထားတဲ့ Freedom Shield စစ်ရေးလေ့ကျင့်မှုကို စခဲ့တာပါ။

၂၀၁၈ ကိုရီးယားနှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက်ကို မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာလမှာ ဖျက်သိမ်းအပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံလေတပ်တွေဟာ တပ်မဟာအဆင့် ငါးရက်ကြာ စစ်ရေးလေ့ကျင့်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

အမေရိကန် လေယာဉ်တင်သင်္ဘောတစီးနဲ့ ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်လေ့ကျင့်မယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားက နျူးကလီးယားထိပ်ဖူးတွေ သယ်နိုင်တယ်လို့ ဖော်ပြခဲ့တဲ့ ခရုဇ်ဒုံးကျည်တွေကို အမျိုးအစား ဖော်ထုတ်ပစ်ခတ်တာ အပါအဝင် မြောက်ကိုရီးယားရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုတွေကို သုတ်သင်ပစ်ဖို့ ဒီလေ့ကျင့်ခန်းက အဓိက ရည်မှန်းထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ်က အရင်အပတ်က ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ နျူးကလီးယားစစ်ပွဲအတွက် ပြင်ဆင်နေတာလို့ ပြောရင်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရတို့ကတော့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ကာကွယ်ရေးသက်သက်အတွက်ပဲလို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013