DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မတွင် စစ်တပ်နှင့် ရဲက လိုင်းကြေးယူပြီး လောင်းကစားများ လုပ်ခွင့်ပေး
DVB
·
March 4, 2024
ဝါးခယ်မတွင် စစ်တပ်နှင့် ရဲက လိုင်းကြေးယူပြီး လောင်းကစားများ လုပ်ခွင့်ပေး
Donate to DVB

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လောင်းကစားသမားတွေဆီက လိုင်းကြေးယူပြီး တရားမဝင် လောင်းကစားတွေကို ပေါ်ပေါ်တင်တင် လုပ်ခွင့်ပေးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ၇ ရက်ကို ၅ သိန်းလောက်အထိ လိုင်းကြေးယူပြီး တရားမဝင်တဲ့ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ၂ လုံးထီ၊ ချဲထီ စတဲ့ တရားမဝင် လောင်းကစားတွေ ဖေဖော်ဝါရီ ဒုတိယပတ်လောက်က စတင်ပြီး ပေါ်ပေါ်တင်တင် လုပ်ခွင့်ပေးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဝါးခယ်မမြို့ခံ အမျိုးသမီးတယောက်က “စစ်ကောင်စီတပ်နဲ့ ရဲတွေက ပေါ်ပေါ်တင်တင်ကို လုပ်ခွင့်ပေးနေတာ။ ငွေတောင်းပေးရတာကျတော့ သူတို့ ခန့်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက တောင်းပြီး ပေးရတာ။ ဒီလောင်းကစားတွေက အရင်ကလည်း ရှိတယ်၊ အခုလိုတော့ ပေါ်ပေါ်တင်တင် မဟုတ်ဘူးပေါ့။ အခုက တကယ့် တရားဝင်ပုံစံကို လုပ်နေကြတာ” လို့ ပြောပါတယ်။

ဝါးခယ်မမြို့နယ်က ဒေသခံ ရပ်မိ ရပ်ဖ တယောက်က “အခုက အဖမ်းအဆီး မရှိသလောက် ဖြစ်နေတော့ ပိုပြီး ရဲတင်းလာကြတယ်။ မြို့ပေါ်လို နေရာမျိုးတွေမှာပါ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြတာ ဟုတ်တယ်။ သက်ဆိုင်ရာက ထိထိမိမိ မလုပ်နိုင်တဲ့အပေါ်ကို အခွင့်အရေး ယူလာကြတာ။ ကျန်တဲ့နေရာတွေမှာ လူစည်ချင်မှစည်မယ်၊ လောင်းကစားဝိုင်းတွေမှာတော့ လူက အမြဲစည်တယ်။ လောင်းကစားဝိုင်းတွေ များလာတော့ ပြည်သူတွေအတွက်လည်း အန္တရာယ်က များလာပြီ” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေကို ဦးဆောင်လုပ်နေသူတွေက ပိုမိုလာရောက်စေဖို့အတွက် လောင်းကစားဝိုင်းဒိုင်တွေက ထမင်းကျွေးတာ၊ အရက်ဘီယာ တိုက်တာတွေအပြင် ငွေသား ၅ သိန်း ပေးနိုင်ရင် ငါးသောင်းတန်း ဝင်ခွင့်ကတ်ပြား ပေးတာ၊ ကားနဲ့လာသူတွေ၊ ဆိုင်ကယ်နဲ့လာသူတွေကို သတ်မှတ်ထားတဲ့ ငွေကတ်တွေကို ဝန်ဆောင်မှုနဲ့ ပေးအပ်ကာ လောင်းကစားဝိုင်းတွေ ပိုမိုစည်ကားအောင် မြှူဆွယ်ဆွဲဆောင် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

အဲဒီလို တရားမဝင် လောင်းကစားတွေကို ပေါ်ပေါ်တင်တင် လုပ်ခွင့်ပေးလာတာကြောင့် ဒေသခံ လူငယ်လူရွယ်တွေအနေနဲ့ လောင်းကစားဝိုင်းတွေကို ပိုမိုစိတ်ပါဝင်စားမှု အားကောင်းလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် လောင်းကစားကြွေးတင်တာတွေ ရှိလာတာကြောင့် အိမ်ဝိုင်းပေါင်ရတာနဲ့ ရောင်းလိုက်ရတာကြောင့် နေစရာမရှိဖြစ်လာ၊ လုပ်နေတဲ့ လယ်ယာမြေတွေကို ရောင်းရတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ မကြာခဏ လုယက်၊ သတ်ဖြတ်တာတွေ ဖြစ်ပွားလာတာ စတဲ့ လူမှုရေး ပြသနာတွေလည်း ခပ်စိတ်စိတ် ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

Credit Photo - KKL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013