DVB Logo
Home
နိုင်ငံတကာ
လက်နက်ထောက်ပံ့မှု မနှောင့်နှေးလျှင် ရုရှား တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဟု ဇလန်းစကီး ပြော
DVB
·
March 3, 2024
လက်နက်ထောက်ပံ့မှု မနှောင့်နှေးလျှင် ရုရှား တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဟု ဇလန်းစကီး ပြော
Donate to DVB

ဩဒက်ဆာမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးတယောက်နဲ့ မွေးကင်းစ ကလေးတယောက် အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ရတဲ့ ရုရှားရဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုဟာ တကယ်လို့ လက်နက်အထောက်အပံ့တွေ နှောင့်နှေးမနေခဲ့ရင် ဟန့်တား ရှောင်ရှားနိုင်တဲ့ ဖြစ်ရပ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၂ ရက်ည ရုပ်သံမိန့်ခွန်းအတွင်း ပြောလိုက်ပါတယ်။

“ယူကရိန်းဆီ လက်နက်ပို့ဖို့နဲ့ ကျနော်တို့ ပြည်သူတွေကို ကာကွယ်ဖို့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေ ပို့ဖို့ နှောင့်နှေးတာဟာ ခုလို ကံမကောင်းတဲ့ ဆုံးရှုံးမှုတွေဆီ ဦးတည်စေပါတယ်။ အငယ်ဆုံး သေဆုံးသူဟာ အသက် ၄ လအရွယ် တီမိုဖီနဲ့ အသက် ၂ နှစ်အရွယ် မက်ခ်တို့ ဖြစ်တယ်”လို့ ဇလန်စကီးက ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေအောက်က လူတွေကို ဆက်ရှာနေဆဲပါ။ ကျန်ခဲ့တဲ့ ၂ လအတွင်း အနောက်နိုင်ငံခေါင်းဆောင် ၇ ယောက်ဟာ ယူကရိန်းနဲ့ ဆယ်နှစ်တာ လုံခြုံရေး သဘောတူညီချက်စာချုပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

ယူကရိန်းအတွက် အမေရိကန် စစ်တပ်ရဲ့ အထောက်အပံ့ အစီအစဉ်တွေဟာ ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်နေရပြီး အောက်လွှတ်တော်ထဲမှာ ပိတ်မိနေတာပါ။

ဇလန်းစကီးဟာ စစ်တပ် အကြီးအကဲအသစ် အိုလက်စန်ဒါ ဆယ်စကိုင်ယီကို လိုအပ်တယ်လို့ ယူဆရင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အပြောင်းအရွှေ့ စိတ်ကြိုက်လုပ်ခွင့် ရှိတယ်လို့ ညစဉ် ရုပ်သံမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားရင်း လုပ်ပိုင်ခွင့် အခိုင်အမာပေးခဲ့ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ ရှေ့တန်းကနေ ပြန်ရောက်ချိန်မှာ အသေးစိတ် အစီရင်ခံစာနဲ့ နောက်ထပ် အပြောင်းအလဲတွေအတွက် အဆိုပြုချက် အတိအကျကို ဆယ်စကိုင်ယီဆီကနေ ရဖို့ မျှော်လင့်ထားတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013