DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း စစ်ဆေးရေးဂိတ်များ၌ စမတ်ကတ် မပါသူများကို ကျပ် ၂၀၀၀ တောင်း
DVB
·
March 3, 2024
မကွေးတိုင်းအတွင်း စစ်ဆေးရေးဂိတ်များ၌ စမတ်ကတ် မပါသူများကို ကျပ် ၂၀၀၀ တောင်း
Donate to DVB

မကွေးတိုင်းအတွင်းရှိ အဝေးပြေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စမတ်ကတ် မပါတဲ့ ခရီးသွားပြည်သူတွေကို တယောက် ကျပ် ၂၀၀၀ တောင်းနေတယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှစတင်ပြီး စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ မှတ်ပုံတင်ပါပေမဲ့ စမတ်ကတ် မပါတာကြောင့်ဆိုပြီး တောင်းရမ်းနေတာလို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ 

ခရီးသွားပြည်သူ မမြင့်မြင့်က “မြို့အဝင် ဂိတ်တွေတိုင်းက တောင်းနေတာ။ တောင်းစရာ တခြား အကြောင်းအရာကမရှိတော့ စမတ်ကတ် အကြောင်းပြပြီး တောင်းတာ။ ဂိတ်‌တွေက အများကြီး တဂိတ်ကို ၂၀၀၀ နဲ့ ၁ သောင်းကျော်လောက်ကုန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

မကွေးတိုင်းအတွင်း မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ မြို့သစ်၊ ချောက်၊ ရေနံချောင်းမြို့တွေမှာ ရှိတဲ့ မြို့ဝင်မြို့အထွက် စစ်ဆေးရေးဂိတ်တွေက စမတ်ကတ်မပါသူတွေကို ဒဏ်ကြေးဆိုပြီး တောင်းရမ်းနေတာလို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) က ၂၀၂၃ ခုနှစ် မတ်လမှစတင်ပြီး  နိုင်ငံသားအားလုံး မှတ်ပုံတင်နည်းတူ စမတ်ကတ်တွေကို ပြုလုပ်ခိုင်းပြီး အဲဒီကတ်အချက်အလက်တွေထဲမှာ ဖုန်းနံပါတ်နဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ QR ကုတ်ကိုပါ ဖြည့်စွက်ကောက်ယူထားတယ်လို့ သိရပါတယ်။ 

အဝေးပြေးယာဉ်မောင်း ကိုဇော်ကိုက “အာဏာသိမ်းပြီးကတည်းက မှတ်ပုံတင်မပါတဲ့သူတွေကို လက်မှတ်မရောင်းရဘူး ဆိုတာမျိုး အကြောင်းကြားစာပို့ထားတယ်ဗျ။ စမတ်ကတ်နဲ့ပက်သက်လို့ ဘာမှ ပြောထားတာ မရှိဘူး။ တောင်းချင်လို့ကို တောင်းနေတာ။ ကားသမားတွေကလည်း ခရီးသွားတွေကို ဘာမှ ဝင်ရှင်းပေးလို့မရတဲ့ အခြေအနေ။ ငွေပိုပါမလာတဲ့သူတွေဆို အခက်အခဲ ဖြစ်တာပေါ့။ ခရီးမကြာချင်လို့ ပိုက်ဆံအပိုပါလာသူတွေက တချို့လူတွေကို စိုက်ပေးရတာမျိုးတွေ ရှိတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ စမတ်မပါသူတွေ ငွေ ၂၀၀၀ မပေးနိုင်ပါက ကားကို ထွက်ခွာခွင့်မပေးတာ၊ အချိန်အတော်ကြာ စစ်ဆေးရေးဂိတ်မှာ နေခိုင်းပြီး ငွေရသည်အထိ စောင့်ဆိုင်းခိုင်းတာ၊ ငွေမပေးနိုင်သူတွေကို online ငွေပေးစနစ်နဲ့ မိသားစုမိတ်ဆွေတွေဆီက တဆင့် ငွေလွှဲခိုင်းတယ်လို့ သိရပါတယ်။ 

Photo-Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013