DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲ ဗုံးချခံရ၊ စစ်သား ၃ ဦး သေပြီး ပွဲပျက်
DVB
·
March 3, 2024
ဘုတလင်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲ ဗုံးချခံရ၊ စစ်သား ၃ ဦး သေပြီး ပွဲပျက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ မတ် ၂ ရက်‌ နေ့လယ် ၁ နာရီလောက် စစ်မှုထမ်းဥပဒေ ထောက်ခံပွဲလုပ်ဖို့ လူစုနေတုန်း ဗုံးသီးချတိုက်ခိုက်ခံရတာကြောင့် စစ်သား ၃ ယောက်သေပြီး ပွဲပျက်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဘုတလင် ဘောလုံးကွင်းမှာ ပြုလုပ်ဖို့စီစဉ်နေတုန်း ဗုံးသီးချတာကြောင့် ထောက်ခံပွဲလည်း ပျက်သွားတယ်လို့ သိရပါတယ်။

ပါဝင်တိုက်ခိုက်ခဲ့တဲ့ နင်ဂျာအဖွဲ့တာဝန်ရှိသူက “သတင်းကြားကြားချင်းကို သွားချခဲ့တာ။ သူတို့ထောက်ခံပွဲက ပြည်သူတယောက်မှမပါဘူး။ မြို့ပေါ်က စစ်တပ်လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေ ဆင့်ခေါ်ပြီး ထောက်ခံပွဲလုပ်တာဆိုတာ အတိကျကိုသိလို့ သွား ဗုံးသီးချတာ။ သူတို့ ခိုင်းစရာဆိုလို့ ဒီဝန်ထမ်းတွေပဲ ရှိတာ။ အဲဒါကြောင့် သွားပြီး ဗုံးသီး ၃ လုံးချခဲ့ရတာဗျ။ ဗုံးသီးချပြီး စစ်ခွေး ၃ ကောင် သေတယ်။ ၅ ဦးလောက်ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။

ဘုတလင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ဘုတလင်မြို့မဈေးထဲမှာ ဈေးဝယ်နေတဲ့ ရဲတယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်လို့ အဲဒီရဲ သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013