DVB Logo
Home
မြန်မာသတင်း
ရိခေါဒါရ်မြို့ ကြားကာလပညာရေးတွင် ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော် သင်ကြားနေ
DVB
·
March 3, 2024
ရိခေါဒါရ်မြို့ ကြားကာလပညာရေးတွင် ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော် သင်ကြားနေ
Donate to DVB

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့ရဲ့ ကြားကာလပညာရေးမှာ ကျောင်းသားကျောင်းသူ ၁,၀၀၀ ကျော်ကို ပညာသင်ကြားပေးနိုင်နေပြီလို့ သိရပါတယ်။

ဟွာလ်ငိုးဒေသန္တရအစိုးရလက်အောက်က ရိခေါဒါရ်မြို့ရဲ့ ကြားကာလပညာရေးကို ၂၀၂၂ ခုနှစ် ဧပြီလကတည်းက စတင်နေခဲ့ကြပြီး အခု ပညာသင်နှစ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီလို့ ပညာရေးတာဝန်ခံက ပြောပါတယ်။ 

ရိခေါဒါရ်မြို့ထဲနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာပါ စာသင်ကျောင်းပေါင်း ၄၀ ကျော်ဖွင့်လှစ်ထားပြီး စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၁၂၀ ကျော်က ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းတွေမှာ သင်ရိုးသစ် ၁၂ တန်းအထိ ကျောင်းသားတွေကို သင်ကြားပေးနေပြီး ချင်းဘာသာစကား ၃ မျိုး၊ ချင်းအနုပညာနဲ့ ခရစ်ယာန်ဘာသာရေးစာပေတွေကိုပါ ထည့်သွင်းသင်ကြားပေးနေတယ်လို့လည်း ဟွာငိုးလ်ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အထက်တန်းအဆင့်အောင်မြင်ပြီးသူနဲ့ CDM ဝန်ထမ်းတွေက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမအဖြစ် ပြန်လည်သင်ကြားပေးနေပြီး ကျောင်းသားမိဘတွေနဲ့ ဟွာငိုးလ်ဒေသန္တရ အစိုးရအဖွဲ့က ပူးပေါင်းကာ တလ ၁ သိန်းနှုန်းနဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးနေတယ်လို့လည်း ဆိုပါတယ်။

ရိခေါဒါရ်မြို့ (ဟွာလ်ငိုးဒေသ) မှာ ပညာရေးလည်ပတ်မှု အဆင်ပြေနေပေမဲ့ ကျောင်းသုံးပုံနှိပ်စာအုပ်ဝယ်ယူရရှိဖို့ အခက်အခဲကြုံနေရတယ်လို့ ပညာရေးတာဝန်ခံက ပြောပါတယ်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေစတင်ကာ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နေရပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013