DVB Logo
Home
နိုင်ငံတကာ
စစ်ရာဇဝတ်မှုကျူးလွန်သည့် သံသယရှိသူ ၅၀၀ ကျော်ကို  ယူကရိန်း ဖော်ထုတ်
DVB
·
March 1, 2024
စစ်ရာဇဝတ်မှုကျူးလွန်သည့် သံသယရှိသူ ၅၀၀ ကျော်ကို  ယူကရိန်း ဖော်ထုတ်
Donate to DVB

ယူကရိန်းဟာ ရုရှားရဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ကျူးကျော်မှုကတည်းက စစ်ရာဇဝတ်မှု  သံသယရှိသူ ၅၁၁ ဦးကို တွေ့ရှိဖော်ထုတ်ခဲ့ပြီး ပြစ်မှုထင်ရှားစီရင်မှု ၈၁ မှု ချမှတ်ခဲ့ကြောင်း အစိုးရရှေ့နေချုပ် အန်ဒရီကော့စ်တင်က ဖေဖော်ဝါရီ ၂၉ ရက်က ကိယက်ဗ်မှာ ပြုလုပ်တဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံမှာ ပြောကြားခဲ့ပါတယ်။

စစ်ရာဇဝတ်မှုဆိုင်ရာ ကွန်ဖရင့်မှာ ပိုလန်၊ လစ်သူယေးနီးယား၊ ရိုမေးနီးယားနဲ့ အီးယူ တရားရေးဌာနဖြစ်တဲ့ ယူရိုဂျပ်စ်ထ်ရဲ့ ဥက္ကဋ္ဌတို့လည်း တက်ရောက်ကြပါတယ်။

ပဋိပက္ခတွေကြားမှာ ယူကရိန်းအရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပေမဲ့ ရုရှားကတော့ သူ့တပ်ဖွဲ့တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

ယူရိုဂျပ်စ်ထ် အကြီးအကဲ လာဒီစလဗ်ဟာမန်ခေါ်ဆိုသလို “သမိုင်းမှာ စစ်ရာဇဝတ်မှုတွေအတွက် အကြီးမားဆုံး စုံစမ်းစစ်ဆေးမှု” ကို ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ဆောင်နေပါတယ်။

စီရင်ချက် ၈၁ ချက်အပေါ် မှတ်ချက်ပေးရာမှာ အများစုက သံသယရှိသူတွေကို ဖမ်းဆီးထားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ် ကော့စ်တင်က အသိအမှတ်ပြုခဲ့ပြီး စစ်ရာဇဝတ်မှုခုံရုံး ဖွဲ့နိုင်ခြေနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၄၀ ကျော်နဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်းလည်း ပြောပါတယ်။

လစ်သူယေးနီးယား ရုပ်ရှင်ဒါရိုက်တာ မန်တာ့စ် ဗဲဒါးရာဗစ်ရှပ်စ်ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ ဒွန်နက်စ်ခ်ဒေသမှ ရုရှားလိုလားတဲ့ စစ်သွေးကြွ ၃ ဦးရဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်နိုင်ခဲ့ကြောင်း ယူကရိန်းရှေ့နေချုပ် ကော့စ်တင်နဲ့ လစ်သူယေးနီးယား ရှေ့နေချုပ် နီဒါး ဂရူးန်စကီးနဲ တို့က ပြောပါတယ်။

ဗဲဒါးရာဗစ်ရှပ်စ်ရဲ့ သေဆုံးမှုကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဗဲဒါးရာဗစ်ရှပ်စ်ဟာ အရိုးကျိုးခြင်း၊ ဓားဒဏ်ရာတွေအပြင် မသတ်ခင်မှာ စိတ်ပိုင်းဆိုင်ရာကို ညှဉ်းဆဲနှိပ်စက်တဲ့ လှောင်ပြောင်ကွပ်မျက်ခြင်း အပါအဝင် သံသယရှိသူ ၃ ဦးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရကြောင်း ယူကရိန်းရှေ့နေချုပ် ကော့စ်တင်က ပြောပါတယ်။

လစ်သူယေးနီးယား ရုပ်ရှင်ဒါရိုက်တာ မန်တာ့စ် ဗဲဒါးရာဗစ်ရှပ်စ်ဟာ ရုရှားတပ်ဖွဲ့တွေ ချီတက်လာကြပြီး လအတန်ကြာ ရက်စက်ကြမ်းကြုတ်စွာ မြို့ကို ဝိုင်းရံပိတ်ဆို့ထားချိန် အတွင်း မာရီယူပိုလ်မြို့ထဲ နေထိုင်သူတွေရဲ့ ဒုက္ခဆင်းရဲကို ပြသထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးနေခဲ့တာပါ။

သူသေဆုံးပြီးနောက် လအတော်ကြာမှာတော့ မာရီယူပိုလ်-၂ မှတ်တမ်းရုပ်ရှင် ထွက်ရှိခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013