မြောက်အိုင်ယာလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်မှာ ယူကရိန်းအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မြောက်အိုင်ယာလန်ဟာ အုပ်စုပထမနေရာ ရောက်ရှိသွားပြီး လိဂ်-အေ ကို သမိုင်းဝင် တန်းတက်နိုင်မဲ့ အခွင့်အရေး ရရှိခဲ့တာပါ။
ပို့စ်မောက် ခံစစ်ကစားသမား ဒက်ဗလင်က ပွဲချိန် ၆၈ မိနစ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မြောက်အိုင်ယာလန်နည်းပြ မိုက်ကယ်အိုနီးလ်ကတော့ ဒက်ဗလင်ကို နည်းပြတိုင်း လိုလားရတဲ့ ကစားသမားမျိုးလို့ ချီးကျူးခဲ့ပါတယ်။
မြောက်အိုင်ယာလန်ဟာ ၅ ပွဲဆက် ပေးဂိုးမရှိတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတာပါ။ နည်းပြ အိုနီးလ်နဲ့ တိုက်စစ်မှူး ဒွန်လီတို့ကတော့ အဝါကတ်ပြစ်ဒဏ်ကြောင့် ဟန်ဂေရီနဲ့ အဆုံးအဖြတ်ပွဲကို ပွဲကြည့်စင်ကနေ သာ ကြည့်ရမှာ ဖြစ်ပါတယ်။











