DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဒုဗိုလ်မှူးကြီးများကို ရာထူးတိုးပေးပြီး  ရခိုင်စစ်မြေပြင်သို့ စေလွှတ်
DVB
·
March 1, 2024
စစ်ခေါင်းဆောင်က ဒုဗိုလ်မှူးကြီးများကို ရာထူးတိုးပေးပြီး  ရခိုင်စစ်မြေပြင်သို့ စေလွှတ်
Donate to DVB

စစ်ခေါင်းဆောင်က ကက(ကြည်း)လက်အောက်ခံ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေက ဒုဗိုလ်မှူးကြီးတွေကို စစ်ဦးစီး (ပထမတန်း) ရာထူးတိုးပေးကာ ရခိုင်ပြည်နယ်ကို စေလွှတ်ခဲ့တယ်လို့  တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အထိနာနေတဲ့ ရခိုင်ပြည်နယ်အတွက် စစ်ကူရစေဖို့ စစ်ဆင်ရေးတပ်ရင်းမှူးတွေကို စစ်ဦးစီး(ပထမတန်း) အဆင့်တိုးပေးကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ ကရင်နီနဲ့ ကရင်ပြည်နယ်ကို ပြောင်းရွှေ့တာဝန်ပေးတာဖြစ်တယ်လို့ နပခနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လတ်တလော သိသလောက် ခြေလျင်ခြေမြန်က တပ်ရင်းမှူးတွေ အတော်များများပါတယ်။ စစ်ဆင်ရေးနယ်မြေက တပ်ရင်းမှူးတွေလည်း ပါတယ်။ ရခိုင်ဆိုတော့ တချို့က မိသားစုကို ခေါ်မသွားကြဘူး။”

ရခိုင်ပြည်နယ် ပြောင်းရွှေ့ရာမှာ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ တပ်ရင်းမှူးတွေမပါဘဲ ရှေ့တန်းအမြဲထွက်နေရတဲ့ တပ်ရင်းမှူးတွေကို  လွှတ်တာဖြစ်တယ်လို့ စစ်မှုထမ်းဟောင်းတဦးက ဝေဖန်ပြောဆိုပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ နေရာကို ရှေ့တန်းက ပြန်လာတဲ့သူတွေ ထပ်ပို့တယ်။ နားချိန်မရှိဘူး။ ကြာတော့ လူတွေက မခံနိုင်ဘူး။ လူကြီးနဲ့ပိုင်တဲ့သူတွေက ရှေ့တန်းမထွက်ရဘူး။ ရာထူးတိုးတော့ သူတို့ပဲ၊ အဲ့လိုတွေဖြစ်နေသရွေ့ တပ်က ရှုံးမှာပဲ။”

ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်ခံ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေက ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဝင်း ခလရ ၅၄၊ ဒုဗိုလ်မှူးကြီးဇေယျာထွန်း ခမရ ၄၁၂၊ ဒုဗိုလ်မှူးကြီးလှမိုး ခမရ ၃၈၄၊ ဒုဗိုလ်မှူးကြီးဝဏ္ဏစိုး ခမရ ၅၁၂၊ ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ခလရ ၅၉၊ ဒုဗိုလ်မှူးကြီး ဝဏ္ဏစိုး ခလရ ၅၇၃ နဲ့ ဒုဗိုလ်မှူးကြီးအောင်ဇော်မင်း ခမရ ၂၁၁ တို့ကို ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေကို ပြောင်းရွှေ့တာဝန်ပေးခဲ့တာလို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတဦးက  ပြောပါတယ်။

“အဲ့ထဲမှာ ရခိုင်ကို ခလရ ၅၄၊ ခမရ ၄၂၀ ရယ် ခမရ ၃၈၄ က တပ်ရင်းမှူးတွေ ရောက်နေတယ်။ တခြားသူတွေက လွိုင်ကော်နဲ့ ကလောဘက်ကို ပို့တယ်။ ကရင်ဘက်ကို ပို့တာလည်းရှိတယ်။”

လတ်တလောမှာ ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဝင်း၊ ဒုဗိုလ်မှူးကြီး ဇေယျာထွန်းနဲ့ ဒုဗိုလ်မှူးကြီး လှမိုးတို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) မှာ ရောက်ရှိနေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013