DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် ရှော့ပင်းမောလ် မီးလောင်မှု ၄၃ ဦးထက်မနည်း သေဆုံး
DVB
·
March 1, 2024
ဘင်္ဂလားဒေ့ရှ် ရှော့ပင်းမောလ် မီးလောင်မှု ၄၃ ဦးထက်မနည်း သေဆုံး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာမှာရှိတဲ့ ခြောက်ထပ်မြင့်တဲ့ ရှော့ပင်းမောလ်တခုမှာ မီးအကြီးအကျယ် လောင်ကျွမ်းတာကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် ညမှာ ဘေလီလမ်းက နာမည်ကြီး ဒံပေါက်ဆိုင်ကနေ စတင် မီးလောင်ခဲ့တာဖြစ်ပြီး တခြားအထပ်တွေကို လျင်လျင်မြန်မြန် ကူးစက်ခဲ့တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီး ဆမန်သာလယ်လ်ဆန်းက “ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရသူ ၂၂ ဦးစလုံး စိုးရိမ်စရာ အခြေအနေမှာ ရှိပါတယ်” လို့ မတ် ၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အသက်မသေဘဲ ကျန်ခဲ့တဲ့ မိုဟာမက်အယ်တက်ဖ်က ပြတင်းပေါက်ကနေ ခုန်ချပြီး အသက်ရှင်ခဲ့ပုံကို ပြန်ပြောပြပါတယ်။

အယ်တက်ဖ်က “ရှေ့မှာ မီးစလောင်ပြီး မှန်တွေကွဲကုန်တော့၊ ကျနော်တို့ ငွေကိုင်နဲ့ စားပွဲထိုးက လူတွေအကုန်လုံး ထွက်နိုင်အောင် လုပ်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးတော့ ဆုံးပါးသွားပါတယ်။ ကျနော်က မီးဖိုချောင်ကိုပြေးပြီး ပြတင်းပေါက်ကိုခွဲပြီး ခုန်ချခဲ့တာ” လို့ ပြောပါတယ်။

ရှော့ပင်းမောလ်မှာက အထည်ဆိုင်တွေ၊ ဖုန်းဆိုင်တွေနဲ့အတူ စားသောက်ဆိုင်တွေ များတဲ့အတွက် မီးလောင်တဲ့အချိန်မှာ စားသောက်ဆိုင်အများစုမှာ လူပြည့်နေခဲ့ပါတယ်။

သေဆုံးသူအများစုက အသက်ရှူကျပ်ပြီး သေတဲ့သူ ပါသလို ခုန်ချရင်း ဆုံးပါးတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မီးက ဓာတ်ငွေ့ယိုစိမ့်မှု ဒါမှမဟုတ် မီးဖိုတခုကနေ စတယ်လို့ ယူဆရပြီး အထပ်တိုင်းမှာ ဂက်စ်အိုးတွေ အများကြီးရှိနေတယ်လို့ မီးသတ်ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မိန်အူဒင်က ပြောပါတယ်။  လှေကားတွေမှာပါ ဂက်စ်အိုးတွေနဲ့ ပြည့်နေတယ်လို့လည်း ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013