DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါသမ္မတလောင်း လုပ်ကြံခံရမှု သံသယရှိသူ ၅ ဦးကို ရုံးတင်စစ်ဆေး
DVB
·
February 29, 2024
အီကွေဒေါသမ္မတလောင်း လုပ်ကြံခံရမှု သံသယရှိသူ ၅ ဦးကို ရုံးတင်စစ်ဆေး
Donate to DVB

အီကွေဒေါသမ္မတလောင်း ဖာနန်ဒို ဗီလာဗီဆန်စီယို ပြီးခဲ့တဲ့သြဂုတ်လက မြို့တော်ကွီတိုမှာ လုပ်ကြံ သတ်ဖြတ်ခံရမှုအတွင်း ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ သံသယရှိသူ ၅ ဦးကို ရုံးတင် စစ်ဆေးသွားမယ်လို့ ရှေ့နေချုပ်ရုံးက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။ 

တရားသူကြီးရဲ့ စီရင်ချက်အရ ဆဋ္ဌမမြောက် သံသယရှိသူကို ပြန်လွှတ်ပေးသွားမယ်လို့ ရှေ့နေချုပ်ရုံးက ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ 

ဥပဒေပြုလွှတ်တော် အမတ်ဟောင်းနဲ့ စုံစမ်းစစ်ဆေးရေး သတင်းထောက်တဦးလည်းဖြစ်တဲ့ ဗီလာဗီဆန်စီယိုဟာ မဲဆွယ်စည်းရုံးရေးပွဲမှ ထွက်ခွာချိန်မှာ ပစ်ခတ်ခံခဲ့ရပြီး နိုင်ငံရဲ့ မြင့်တက်လာတဲ့ ဆူပူအကြမ်းဖက်မှုမှာ အထင်ရှားဆုံး သားကောင် ဖြစ်လာပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ သေနတ်သမား တဦး သေဆုံးသွားပြီး တခြားသံသယရှိသူ ၇ ဦး ထောင်ထဲမှာ အသတ်ခံခဲ့ရာမှာ ဒီအမှုဟာ အောက်တိုဘာလမှာ ထပ်ပြီး သတင်းဖုံးခံခဲ့ရပါတယ်။ 

အခုတော့ ကျန်ရှိတရားခံ ၆ ဦးကို ၂ ရက်ကြာ ကြားနာစစ်ဆေးခဲ့ပါတယ်။ သူတို့ထဲက ၂ ယောက်ဟာ လော့စ်လိုဘိုဂိုဏ်းမှ ဂိုဏ်းခွဲခေါင်းဆောင်တွေဖြစ်ကြောင်း အစိုးရရှေ့နေ ၂ ဦးက ပြောဆိုထားပေမဲ့ သူတို့ရဲ့ရှေ့နေအဖွဲ့ဟာ ဒီပြောကြားချက်တွေအတွက် ခိုင်လုံတဲ့ အထောက်အထား မရှိကြောင်း စောဒကတက်ခဲ့ကြပါတယ်။ 

Source/Photo-REUTERS/Henry Romero

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013