DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်တွင် စစ်တိုက်လေယာဉ်  ၁ စီး ပျက်ကျ
DVB
·
February 29, 2024
စလင်းမြို့နယ်တွင် စစ်တိုက်လေယာဉ်  ၁ စီး ပျက်ကျ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစီး ဖေဖော်ဝါရီ ၂၉ ရက်  မွန်းလွဲ  ၁၂ နာရီခွဲ ဝန်းကျင်မှာ ပျက်ကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စလင်းမြို့နယ် ကြို့ဝန်းကျေးရွာ အနောက်ဘက်  ယာကွက်ထဲမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး ပျက်ကျခဲ့တဲ့လေယာဉ်ဟာ စစ်ကောင်စီတပ်ရဲ့ MIG 29 တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားဖြစ်ကာ စမ်းသပ်မောင်းနှင်ရင်း စက်ချို့ယွင်းပြီးပျက်ကျခဲ့တာလို့ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လေယာဉ်မပျက်ကျခင်မှာ လေယာဉ်မှူး  ၂ ယောက်က လေထီးနဲ့ ခုန်ချပြီး ရဟတ်ယာဉ်တစီးက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက “ တောင်ကနေမြောက်ကို ပျံလာရင်း ပျက်ကျတာ။ အုန်းဆိုပြီးအသံတချက်ကြားလိုက်ရတယ်။ ဖြစ်စဉ်အပြီးမှာ စလင်းက မီးသတ်ကား ၂ စီးနဲ့ ရဲတွေ စစ်သားတွေ တတ်လာတယ်။ အခုတော့ လေယာဉ်ပျက်ကျတဲ့ နေရာကို အသွားအလာကန့်သတ်ထားတယ်။ စမ်းမောင်းရင်းပျက်ကျတယ် ယူဆပါတယ်။ အရင်တွေက အဲ့လို လေ့ကျင့်တာတွေရှိတယ်ဗျ”လို့ ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့နေရာကို စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကျပ်ထားပြီး ဖုန်းဆင်းကတ်တချို့ကို လိုင်းဖျက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013