DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာနိုင်ငံတွင် လက်နက်ကိုင်သူပုန်အဖွဲ့များက နယ်မြေတိုးချဲ့  ထိန်းချုပ်လာ 
DVB
·
February 29, 2024
ကိုလံဘီယာနိုင်ငံတွင် လက်နက်ကိုင်သူပုန်အဖွဲ့များက နယ်မြေတိုးချဲ့  ထိန်းချုပ်လာ 
Donate to DVB

ကိုလံဘီယာနိုင်ငံမှာ တရားမ၀င် လက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရဲ့နယ်မြေတွေကို ထိန်းချုပ်မှု ပိုမိုတိုးချဲ့ခဲ့တယ်လို့  ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၈ ရက်မှာ  အစီရင်ခံစာ ထုတ်ပြန် ပါတယ်။

အကြမ်းဖက်မှု ခံစားနေရတဲ့ မြို့တွေဟာ ၂၀၂၂ ခုနှစ်မှာ မြို့ပေါင်း ၁၈၀ ရှိရာကနေ ၂၀၂၃ ခုနှစ်မှာတော့ ၂၀၆ မြို့အထိ ၁၄ ဒသမ ၄  ရာခိုင်နှုန်းတိုးလာကြောင်း  ကုလသမဂ္ဂ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးဖက်ဒရေးရှင်းဟာ ကိုလံဘီယာမြောက်ပိုင်းရှိ ဆီအဲရာ နေဗာဒါ ဒေဆန်တာမာရ်တာ တောင်တန်းဒေသမှ ဌာနေတိုင်းရင်းသား ဗီဝါလူမျိုးတွေကို ကာကွယ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ 

ဗီဝါတိုင်းရင်းသား ၃၀၀ လောက်ဟာ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ရီယိုအာချာ မြို့လို တခြားနေရာတွေမှာ ခိုလှုံနေရပါတယ်။ 

၂၀၂၃ ခုနှစ်မှာ စစ်ဘေးဒုက္ခသည် ၆၂,၉၆၇ ဦးနဲ့ ကလေးသူငယ်နဲ့ ဆယ်ကျော်သက် စုဆောင်းခံရမှုပေါင်း ၁၃၄ မှု ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ 

သမ္မတ ဂူစတာဗို ပီထရိုဟာ ပြောက်ကျားအဖွဲ့တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေလို့ တရားမဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းခဲ့ပေမဲ့ တောင်အမေရိကတိုက်က ကိုလံဘီယာနိုင်ငံဟာ လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးထားပြီး နှစ်ပေါင်း ၆၀ ကျော် ကြာနေတဲ့ ပြည်တွင်းပဋိပက္ခနဲ့ ရင်ဆိုင်နေရတာပါ။

ရီယိုအာချာ နယ်မြေမှာ စစ်ပွဲတော့ မရှိပေမဲ့ နယ်မြေထိန်းချုပ်ဖို့ တိုက်ခိုက်နေကြတဲ့ ရာဇ၀တ်ဂိုဏ်းနှစ်ခုကြား ထိပ်တိုက်တွေ့မှုတွေတော့ ရှိနေကြောင်း ရီယိုအာချာ မြို့ အတွင်းရေးမှူး ဝီလ်ဆင် ရိုးဟာ့စ်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013