DVB Logo
Home
မြန်မာသတင်း
မြဝတီနယ်စပ်၌ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပေး
DVB
·
February 29, 2024
မြဝတီနယ်စပ်၌ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပေး
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင်လောင်းကစား အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ကျော်ကို ပထမအသုတ်အဖြစ်  ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ မြန်မာဘက်က ထိုင်းနိုင်ငံကနေတဆင့် တရုတ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတားအမှတ် ၂ ကနေ မြန်မာဌာနဆိုင်ရာက တရုတ်နိုင်ငံသား အယောက် ၁၀၀ ကျော်ကို တရားဝင် လွှဲပြောင်းပေးအပ်ရာမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှာ ထိုင်းလဝကနဲ့ တရုတ်တာဝန်ရှိသူတွေက လွှဲပြောင်းရယူခဲ့ပါတယ်။

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံသဘောတူညီချက်နဲ့ အဆိုပါ လွှဲပြောင်းခံရသူတွေဟာ မြဝတီမြို့နယ်မှာ အွန်လိုင်းလောင်းကစား ငွေလိမ်အလုပ်သမားတွေအဖြစ် လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပြီး  ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒအလျောက်  မိမိနိုင်ငံကို  ပြန်လိုသူတွေ ဖြစ်ပါတယ်။ 

အဆိုပါ တရုတ်နိုင်ငံသား ၁၀၀ ဦးကျော်ကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပေမဲ့  ထိုင်းနိုင်ငံဥပဒေအရ အရေးယူခြင်းမရှိဘဲ တရုတ်လေယာဉ်နဲ့ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်လေဆိပ် အဲဒီနောက် တရုတ်နိုင်ငံထိ  ဆက်လက်ပို့ဆောင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းမှာလုပ်ကိုင်သူ ထိုင်းလူမျိုး ၉၂ ဦးအပါအဝင်  နိုင်ငံခြားသား ၉၉၇ ဦးကို မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်  BGF  တပ်က ထိန်းထိမ်းသိမ်းထားကာ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ်လ ၅ ရက်နေ့အထိ အသုတ်လိုက်ခွဲပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပေးဖို့ အစီအစဉ် ရှိပါတယ်။

ကျန်ရှိသူတွေကိုလည်း မိမိထွက်လာတဲ့ နိုင်ငံဆီကို ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူထားတဲ့အတိုင်း ဆက်လက် ဖမ်းဆီး ပြန်လည်ပို့ဆောင်သွားမယ်လို့  မြန်မာနဲ့ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ကိုင်သူ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး တခြားနိုင်ငံသားတွေလည်း ပါဝင်ကာ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံကို ဝင်ပေါက်အဖြစ် ကူညီဆောင်ရွက် လမ်းပြပေးနေတဲ့ ထိုင်းလူမျိုးတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ငွေအလိမ်ခံရသူအများစုဟာ  ပင်စင်စားအစိုးရဝန်ထမ်းနဲ့ ဝန်ကြီး အဆင့် ဌာနဆိုင်ရာအကြီးဆုံးအဆင့်တွေမှာ တာဝန်ထမ်းဆောင်တဲ့ ထိုင်းအစိုးရ လူကြီးတွေ ပိုများတာတွေ့ရှိရပါတယ်။

ဌာနဆိုင်ရာလူကြီးတွေဟာ ငွေလိမ်ခံရတဲ့အခါ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခြင်း မရှိတာကြောင့် အွန်လိုင်းငွေလိမ်သူအတွက် ပိုအဆင်ပြေတဲ့သဘောရှိတယ်လို့ အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ တဦးက ပြောပြပါတယ်။

တရားမဝင်အွန်လိုင်းလောင်းကစားလုပ်သူတွေဟာ ထိုင်းနိုင်အတွင်းရှိ စီးပွားရေးသမားတွေ၊ ဌာနဆိုင်ရာ ဝန်ကြီးတွေ၊ အရာရှိတွေနဲ့ ငွေကြေးအများစုရှိတဲ့  အစိုးရ ဝန်ထမ်းတွေကို  ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေလိမ်လည်ကြတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အွန်လိုင်ငွေလိမ်လုပ်ငန်းကနေ  တစ်ရက်ကိုဘတ်ငွေ သန်းပေါင်းများစွာ အလိမ်ခံရနေတယ်လို့  ထိုင်းသတင်းဌာနတခုက ခန့်မှန်းထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင်လောင်းကစား အွန်လိုင်းငွေလိမ်လုပ်ငန်းငွေကို ပူးပေါင်းနှိမ်နင်းဖို့ မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းစစ်တပ်တို့ သဘောတူထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013