DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ မိသားစုဝင်များ ပြည်ပသို့ ထွက်ပြေးလာ
DVB
·
February 29, 2024
စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ မိသားစုဝင်များ ပြည်ပသို့ ထွက်ပြေးလာ
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေ စစ်ကောင်စီက အသက်သွင်းပြီးနောက်  မြန်မာပြည်အနှံ့က စစ်မှု မထမ်းလိုတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ပြည်ပသို့ ထွက်ခွာနေကြတာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေရဲ့ သားသမီးတွေလည်း ထွက်ခွာနေကြတယ်လို့  စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီလ အစပိုင်းက စတင်ပြီး ဗိုလ်ကြီး၊ ဗိုလ်မှူး၊ တိုင်းမှူးနဲ့ တပ်ရင်းမှူးတွေရဲ့ သားသမီးတွေ အာရှနိုင်ငံအသီးသီးကို တရားဝင်လမ်းကြောင်းကနေ  အလည်အပတ်ဗီဇာတွေနဲ့ သွားရောက်နေသူတွေ ရှိသလို နယ်စပ်ကနေ ထိုင်းကို သွားသူတွေလည်း ရှိပါတယ်

စစ်မှုထမ်းဟောင်း မိသားစုဝင် တဦးက "နယ်စပ်ဘက်တွေကို ခဏရှောင်နေကြတာ။ သူတို့လည်း ပထဆုံး အပတ်စဉ်အခြေအနေ သတင်းနားထောင်ပြီးမှ ဆုံးဖြတ်ချက် ချရမှာပေါ့။ စစ်သား သားသမီးတွေကိုပါ ခေါ်မှာလားဆိုတာ သိပြီးမှ အဲ့ဒီမှာပဲ နေမှာလား ပြန်လာမှာလား ဆိုတာ”လို့  ပြောပါတယ်။

အခုလို ရှောင်ရှားနေတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်က သူတို့စစ်တပ် အကြီးအကဲတွေကို အယုံအကြည် မရှိတော့လို့  သူတို့ရဲ့ သားသမီးတွေကို  ပြည်ပနိုင်ငံတွေကို  ပို့ဆောင်ထားတာလို့ သိရပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့်  ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အာဏာတည်စေပြီးနောက် ဝင်ငွေကောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေရဲ့ သားသမီးတွေ  ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူနဲ့  ဂျပန်နိုင်ငံတွေဆီ သွားရောက်နေထိုင် နေကြပါတယ်

မဲဆောက်မြို့မှာ လာရောက်နေထိုင်နေသူ တဦးက "ကျမက ဗိုလ်မှူးသမီးနဲ့ ရင်းနှီးတယ်။ အရင်ရက်ကတည်းက အလည်လာမလို့ဆိုပြီး ဆက်သွယ်တာ။ ဒီမှာကကျ တော်လှန်ရေးဘက် ကလူတွေများတယ်။ နင်တို့ အဆင်မပြေလောက်ဘူး ပြဿနာတွေတက်နိုင်တယ်။ ဒီကိုတော့ မလာနဲ့ ငါလည်းမကူညီနိုင်ဘူးလို့ပြောလိုက်တာ။ အခုသူတို့အစီအစဉ်နဲ့သူတို့ လာတာ” လို့ ပြောပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို လာရောက်နေထိုင်သူတွေထဲမှာ  နေပြည်တော်နဲ့ ပဲခူးတိုင်း ပြည်မြို့က လူလတ်ပိုင်း အမျိုးသား အမျိုးသမီး အယောက်  ၃၀ ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။ 

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာအသက်ဝင်စေပြီး  ၂၀၂၄ ခုနှစ် ဧပြီလ သကြင်္န်ပိတ်ရက်အပြီးမှာ စတင်အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ 

Photo Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013