DVB Logo
Home
နိုင်ငံတကာ
သပိတ်မှောက်နေသည့် တောင်ကိုရီးယားဆရာဝန်များ ဆေးရုံသို့ ပြန်လာရန် တိုက်တွန်း
DVB
·
February 29, 2024
သပိတ်မှောက်နေသည့် တောင်ကိုရီးယားဆရာဝန်များ ဆေးရုံသို့ ပြန်လာရန် တိုက်တွန်း
Donate to DVB

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီး လီဆန်းမင်က သပိတ်မှောက်နေတဲ့ တရားဝင်နဲ့ အလုပ်သင် ဆရာဝန်တွေ ဆေးရုံတွေဆီကို ပြန်လာကြဖို့ ဖေဖော်ဝါရီ ၂၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

သူတို့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အစိုးရက နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ကလည်း နီးလာနေတာပါ။

သူဟာ ပြည်သူ့ဆေးရုံတွေဆီ ဗုဒ္ဓဟူးနေ့က သွားခဲ့ပြီး ဆေးဝန်ထမ်းတွေကို အားပေးရင်း အရေးပေါ် ဆေးကုသမှုတွေကို စစ်ဆေးခဲ့ပါတယ်။

တပြိုင်တည်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အရ တရားဝင်နဲ့ အလုပ်သင် ဆရာဝန်တွေ အစုလိုက် အပြုံလိုက် သပိတ်မှောက်နေတာကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်က ဆရာဝန်တွေကို မတ်လကစပြီး တာဝန်ချထားမယ်လို့ ဝန်ကြီးချုပ် ဟန်ဒတ်ခ်ဆိုးက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောထားပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး အစမှာတော့ လူငယ်ဆရာဝန်တွေ လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတွင်း တရားဝင်နဲ့ အလုပ်သင်ဆရာဝန် ၃ ပုံ ၂ ပုံက လုပ်ငန်းခွင်ကထွက်ပြီး ဆေးကျောင်းသားအရေအတွက် တိုးမြှင့်ခေါ်ယူမယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန္ဒပြနေလို့ ဆရာဝန်အင်အား ပြတ်လပ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစိုးရက ဆန္ဒပြဆရာဝန်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အမိန့်ထုတ်ထားပြီး တကယ်လို့ ကြာသပတေးနေ့ နောက်ဆုံးသတ်မှတ်ရက်ကို ကျော်တဲ့အထိ လုပ်ငန်းခွင် ပြန်မဝင်ဘူးဆိုရင် သူတို့ရဲ့လိုင်စင်တွေကို ရုပ်သိမ်းနိုင်တယ်လို့လည်း အစိုးရက သတိပေးထားပါတယ်။

ဆရာဝန် အယောက် ၉,၀၀၀ လောက် ဆန္ဒပြပွဲကို ပူးပေါင်းခဲ့လို့ ဆေးရုံကြီးတွေမှာ ဝန်ဆောင်မှု အခက်တွေ့နေပြီး လူနာတချို့ကို အထူးကြပ်မတ်ကုသဆောင်ချင်း လွှဲပေးရတာ၊ ခွဲစိတ်ဖို့ အချိန်းအချက်တွေကို ဖျက်သိမ်းရတာတွေ ဖြစ်နေပါတယ်။

Source/Photo-REUTERS/Kim Soo-Hyeon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013