DVB Logo
Home
နိုင်ငံတကာ
ဂျပန် စီးပွားရေးကျဆင်းမှုကြောင့် ပြည်သူများ  ခြိုးခြံချွေသုံးစွဲလာ
DVB
·
February 29, 2024
ဂျပန် စီးပွားရေးကျဆင်းမှုကြောင့် ပြည်သူများ  ခြိုးခြံချွေသုံးစွဲလာ
Donate to DVB

ဂျပန်စီးပွားရေးကျဆင်းနေမှုက ဈေးဝယ်သူတွေအတွက် အခက်အခဲကြုံလာပြီး ဈေးဝယ်တဲ့ပုံစံ ပြောင်းကာ ခြိုးခြံချွေတာ သုံးစွဲလာကြပါတယ်။

အမဲသားအစားများတဲ့ ဂျပန်စားသုံးသူတွေဟာ ခုနောက်ပိုင်းမှာ ဈေးပေါတဲ့ ကြက်သားကို ပြောင်းပြီး စားလာကြသလို စားသောက်ကုန်ဈေးနူန်း ကြီးမြင့်လာတာကြောင့် စားသုံးသူတွေရဲ့ နေ့စဉ်အသုံးစရိတ် စိစစ် လျှော့ချလာကြပါတယ်။

တိုကျိုမြို့တော်က အာကီဒိုင်း ဈေးဝယ်ကုန်တိုက်ပိုင်ရှင်  ဟီရိုမီချီအာကီဘာက “ကျနော်တို့တကယ်ခံစားရပါတယ်။ ဝယ်သူတွေရဲ့ ပစ္စည်းဝယ်ယူသုံးစွဲမှု ပုံစံ ပြောင်းလဲနေပါပြီ။ ပထမတော့ လူတော်တော်များများက ဈေးဝယ်ထွက်တဲ့အခါ ဒီနေ့ ကိုယ်ဘာတွေဝယ်ဖို့ ရှိတယ်ဆိုတဲ့ ကုန်ပစ္စည်းစာရင်း ကြိုတင်စဉ်းစားကြပါတယ်။ အခုသူတို့ရဲ့ လူနေမှုပုံစံကို ကာကွယ်ဖို့ သူတို့ဘာတွေကို လျှော့ပြီး ဝယ်ရမလဲဆိုတာ ဆုံးဖြတ်လာကြပါတယ်” လို့ ပြောပါတယ်။

ဈေးဝယ်ဖောက်သည်တွေက သူတို့ဝယ်ယူမယ့်ပစ္စည်းစာရင်းအတိုင်း လာဝယ်ကြပေမဲ့ အခုအခါမှာတော့ ဈေးသက်သက်သာသာနဲ့ ဘာတွေဝယ်နိုင်မလဲဆိုတာကို ရွေးချယ်ဝယ်ယူလာ ကြပါတယ်။

ဟီရိုမီချီအာကီဘာက “အမဲသားက ဈေးနည်းနည်း ပိုကြီးပါတယ်။ ဝက်သားလည်း အဲဒီလိုပါပဲ။ ကြက်သားကတော့ ဈေးသင့်ပါတယ်။ ဒါကြောင့် လူတွေက ကြက်သားပိုစားလာကြပြီး အမဲသား လျှော့စားလာပါတယ်။ ဒါက အခုမြင်နေရတဲ့ စားသုံးသူအများစု ရွေးချယ်မှုပုံစံပါ” လို့ ပြောပါတယ်။

ဝယ်သူတွေက စျေးပိုကြီးတဲ့ အမဲသားအစား စျေးသက်သာတဲ့ ကြက်သားကို ပြောင်းပြီးစားကြပေမဲ့ ကြက်ဥနဲ့ကြက်သွန်နီတို့လို မရှိမဖြစ်လိုအပ်တဲ့စားကုန်တွေကိုတော့ အဝယ်လျော့သွားတာ မရှိဘူးလို့လည်း ဟီရိုမီချီအာကီဘာက ပြောပါတယ်။

မကြာသေးခင်ကဘဲ ကြက်ဥနဲ့ ကြက်သွန်နီတွေက တခြားစားကုန်တွေလိုဘဲ ဈေးနှုန်း သိသိသာသာ တက်လာတာတွေ့ရတယ်၊ ဒါပေမဲ့လည်း အခြေခံစားကုန်တွေ ဖြစ်တာကြောင့် လူတွေက ကြက်ဥ ကြက်သွန်နီ စားသုံးမှု လျော့သွားတာမရှိပါဘူး။ ဒီလို မရှိမဖြစ်စားကုန်တွေ ဈေးတက်လာပေမဲ့ လူတိုင်းအတွက် လိုအပ်ချက်ဖြစ်နေတာကြောင့် တခြားအစားထိုးစရာလည်း မရှိပါဘူးလို့ ဆိုပါတယ်။

သူ့ဖောက်သည်တွေ တတ်နိုင်တဲ့ဝယ်ယူနိုင်မှု အတိုင်းအတာကို ရောင်းချနိုင်အောင် ဈေးနူန်းနဲ့ ပစ္စည်း အရည်အသွေးကို ထိန်းထားပါတယ်။

ခုနောက်ပိုင်းမှာ စားသုံးသူတွေက အထူးဈေးရောင်းပွဲရက်တွေကိုပဲ  ဦးစားပေးပြီး ဈေးဝယ်ထွက်ကြတာ တွေ့ရတယ်။ 

တနင်္ဂနွေမှာ အထူးဈေးရောင်းရက်ရှိပြီး အဲဒီရက်တွေမှာ အရောင်းဝန်ထမ်း အရေအတွက်ကို လျှော့ချပြီး ရောင်းချကြပါတယ်။

အဲဒါကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်ပြီး ဈေးကိုလည်း နည်းနည်းလျှော့ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ငွေအကုန်အကျ သက်သာဖို့အတွက် သတင်းစာမှာ ကြော်ငြာတာနဲ့ လက်ကမ်း စာစောင်တွေ ထုတ်ဝေတာကိုလည်း ရပ်လိုက်ပြီး ဝယ်သူတွေ ရောက်လာတော့မှ လျှော့ဈေးရတဲ့ ရောင်းကုန်စာရင်းကို ရှင်းပြပြီး ရောင်းချပါတယ်။

ဟီရိုမီချီအာကီဘာက “ အထူးဈေးရောင်းရက်တွေမှာ အရောင်းဝန်ထမ်းဦးရေ ကိုအတိုင်းအတာ တခုအထိ လျှော့ချပြီး ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှစျေးပေါပေါနဲ့ ရောင်းချနိုင်အောင် လုပ်ဆောင်နေပါတယ်။ နောက်ပြီး သတင်းစာကြော်ငြာတွေ၊ လက်ကမ်းကြော်ငြာတွေနဲ့ မကြော်ငြာဘဲ  ဈေးဝယ်သူတွေရောက်လာတဲ့ အခါကျမှ အထူးရောင်းကုန်ပစ္စည်းတွေအကြောင်း ရှင်းလင်းပြတာတွေလုပ်ပါတယ်”လို့ ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မနှစ် နှစ်ကုန်မှာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံစီးပွားရေး ထက်ဝက် ကျော်ကျော်ရှိတဲ့ ပြည်တွင်းစားသုံးမှုမှာ အကြီးအကျယ်ရိုက်ခတ်ခဲ့ပါတယ်။

မနှစ်ဒီဇင်ဘာလအထိ သုံးလအတွင်း နှစ်စဉ်စီးပွားရေးထုတ်လုပ်မှု ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် ကမ္ဘာ့စီးပွားရေး တတိယအင်အား အကြီးဆုံးအဆင့်နေရာကနေ ဂျာမနီကို နေရာဖယ်ပေးလိုက်ရပြီး အဆင့်လေးနေရာ ကျဆင်းသွားပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံးပထမနဲ့ ဒုတိယနေရာမှာ အမေရိကန်နဲ့ တရုတ် ရှိနေပါတယ်။

ငွေကြေးဖောင်းပွမှု အပြင်းထန်ဆုံး အခြေအနေရင်ဆိုင်နေရပြီး ဂျပန်ယန်းငွေတန်ဖိုး စဉ်ဆက်မပြတ် ကျဆင်းနေတာကြောင့် လုပ်သားကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနဲ့ လောင်စာစွမ်းအင်ဈေးနှုန်းတွေ   မြင့်တက်လာစေပါတယ်။

Source/Photo-REUTERS/Issei Kato

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013