DVB Logo
Home
မြန်မာသတင်း
သရက်ချောင်း ဝင်းဝရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
February 29, 2024
သရက်ချောင်း ဝင်းဝရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းက ရဲတပ်သားတယောက် လက်နက်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့ P.D.F က ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းက အသက် ၂၀ အရွယ် ရဲတပ်သားတဦးဟာ ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့က G-3 ရိုင်ဖယ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၆ တောင့်နဲ့အတူ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့ PDF တာဝန်ရှိသူတဦးက “ဝင်းဝရဲစခန်းကနေ ကျနော်တို့အဖွဲ့ကို ဆက်သွယ်ပြီး အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဖက်ဒရယ်စစ်ကြောင်းထဲ လွှဲပြောင်းပေးခဲ့ပါတယ်။ နောက်ထပ် အလင်းမဝင်ရသေးတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူဘက်ကို မြန်မြန်ပူးပေါင်းစေချင်ပါတယ်” လို့ ပြောပါတယ်။

လက်နက်နဲ့အတူ CDM လုပ်လာတဲ့ ရဲတပ်သားကို ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့က ဆုကြေး ကျပ် ၃၅ သိန်း ချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ဝင်းဝရဲစခန်းက ရဲတပ်သား ဆိုင်းလျန်းဟာလည်း သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည်အတောင့် ၂၀၀ တို့နဲ့အတူ ပုတီးတလုံး ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013