DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် တောမီးလောင်ပြီး လေထုညစ်ညမ်းမှုဆိုးရွားနေ 
DVB
·
February 28, 2024
ထိုင်းမြောက်ပိုင်းတွင် တောမီးလောင်ပြီး လေထုညစ်ညမ်းမှုဆိုးရွားနေ 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ခုတပတ်အတွင်း တောမီးလောင်မှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ တောင်ယာ မီးရှို့မှုတွေကြောင့် မီးခိုးမြူတွေ အုံ့ဆိုင်းနေပြီး လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင်မှာဆိုရင် ဟော့တ်မြို့နယ် အွပ်လုံအမျိုးသားဥယျာဉ်ကြီးမှာ တောမီးလောင်မှု ဧရိယာ ပေါင်း ၁၀၀ ဧက‌ကျော် ပျံ့နှံ့ခဲ့ပြီး မီးသတ်ကားအစီးပေါင်း ၅၀ ကျော်နဲ့ မီးငြှိမ်းသတ်ခဲ့ရသလို  ကောင်းကင်ပေါ်ကနေလည်း ရဟတ်ယာဉ်နဲ့ မိုးရေအတုတွေ ရွာချပေးခဲ့ရပါတယ်။ 

ဒါ့အပြင် တောင်ယာမီးရှို့မှုနဲ့ တောင်မီးလောင်မှုကြောင့် Hot Sport ဖြစ်ပေါ်နေတဲ့ ဇုန်တွေမှာ ဖေဖော်ဝါရီ ၂၇ ရက်မနေ့က တွေ့ရှိချက်အရ ထိုင်းနိုင်ငံထဲမှာ ၁၄၂၀ နေရာ၊ အိမ်နီးချင်းမြန်မာနိုင်ငံဘက်မှာ ၂၂၀၀ နေရာနဲ့  လာအိုမှာ ၃၀၀၀ နီးပါးတွေ့ရှိတယ်လို့ ဆိုပါတယ်။

မနေ့က ချင်းမိုင်ခရိုင်ရဲ့ လေထုညစ်ညမ်းမှု AQ1 မှာ ၂၁၂ ထိမြင့်တက်ခဲ့ပြီး တကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှုအဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းမှာ  အဆင့် ၈ ထိ ရောက်ခဲ့ပါတယ်။

ချင်းမိုင်မြို့ထဲမှာလည်း မီးခိုးမြူတွေ အုံ့ဆိုင်းနေတာကြောင့် ခရိုင်လူထုကျန်းမာရေးဌာနက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သတိထားဖို့၊   မျက်စိနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ လက္ခဏာတွေရှိရင် ဆေးရုံဆေးခန်းကို အချိန်မီပြသဖို့ သတိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ဒီကနေ့မနက်မှာလည်း ဒွိုင်ဆုထိပ်တောင်ပေါ်မှာ တောမီးလောင်နေကြောင်း၊ တောမီးလောင်ရတဲ့ အဓိကအကြောင်းအရင်းတွေက တောကောင်တွေကို လိုက်လံရှာဖွေဖမ်းဆီးမှု၊ တောထဲက သဘာဝသစ်ဖုသစ်ဥနဲ့ အပင်တွေသွားရှာပြီး စည်းကမ်းမဲ့ မီးစနဲ့ အမှိုက်တွေပစ်ချခဲ့လို့ ဖြစ်တယ် ၊ ဒါကြောင့်  ၂၀၂၄ မတ်လ ၁ ရက်ကနေ ဧပြီ ၃၀ ရက် အတောအတွင်း ဆုထိပ်တောင်ပေါ်သို့ အခွင့်မရှိဘဲ မည်သူမျှမဝင်ရဘူးလို့ ဆုထိပ်သစ်တော ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါတယ်။

သဘာဝသစ်တောထိန်းသိမ်းရေးဥပဒေအရ ဘယ်သူမဆို တောမီးရှို့ပါက ဆုံးရှုံးမှုဧရိယာ ပမာဏ အနည်းအများကိုလိုက်ပြီး ထောင်ဒဏ် အနည်းဆုံး ၄ နှစ်မှ ၂၀ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၄ သိန်းမှ သိန်း ၂၀ ထိ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံးကျခံရနိုင်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် လေထုညစ်ညမ်းမှု AQ1 အခြေအနေမှာ အနီ‌ရောင်အဆင့် ၉ နေရာရှိပြီး ဆုခိုထိုင်းခရိုင် ၁၆၆ ၊ ချင်းမိုင် ( ဟန်ဒုံးမြို့နယ် ) ၁၅၆ ၊ ဗိစနုလုတ် ၁၅၆ ၊ အယုဒ္ဓယ ၁၅၅ ၊ ချင်းမိုင်မြို့ထဲ ၁၅၅ ၊ ချင်းမိုင်ခရိုင် ( ဒွိုင်စကစ်မြို့နယ် ) ၁၅၄ ၊ ဖစ်ချဘွန်း ၁၅၃ ၊ ဥဒရာဒစ် ၁၅၂ ၊ ချင်းမိုင် ( ဆန်ဆိုင်းမြို့နယ် ) ၁၅၁ တို့ ဖြစ်ကြပါတယ်။

ချင်းရိုင်း ခရိုင်ကတော့ AQ1 ၁၄၆ နဲ့ လိမ္မော်ရောင်အဆင့်မှာ ရှိနေတယ်လို့  Chiangmai News သတင်းမှာ ဖော်ပြပါတယ်။ 

Source: Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013