DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်၌ ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူနာနှင့်ဆေးဝန်ထမ်းများ ဒဏ်ရာရ
DVB
·
February 28, 2024
မင်းပြားမြို့နယ်၌ ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူနာနှင့်ဆေးဝန်ထမ်းများ ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သေကံကျေးရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနာတွေနဲ့ ဆေးဝန်ထမ်းတွေအပါအဝင် အရပ်သား ၁၄ ဦးထက် မနည်း ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေဟာ မင်းပြားမြို့ကနေ စစ်ဘေးရှောင် လာကြသူတွေနဲ့ သေကံရွာသားတွေဖြစ်ကြပြီးတော့ အခုလေကြောင်း တိုက်ခိုက်မှုမှာ နေအိမ် ၂၀ ကျော်၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း တကျောင်းတို့  ပါသွားတယ်လို့ သိရပါတယ်။

မင်းပြားမြို့ဒေသခံ တဦးက " အေအေဘက်ကနေ မင်းပြားမြို့ကို သိမ်းထားတာဖြစ်လို့ လေယာဥ်နဲ့ မနက်အာရုဏ် အစောကြီးကနေ ရည်ရွယ်ချက်ရှိရှိနဲ့လာဗုံးကြဲသွားတာ။ လေယာဥ်သံ ကြားလိုက်တာကြောင့် အိပ်ဖို့ ပြင်နေတာကနေ ဗုံးခိုကျင်းကို ထွက်ပြေးရသေးတယ်။ မနက်မိုးလင်းမှ ဒဏ်ရာ ရသူတွေရှိတယ်ဆိုတာကို သိရတာ" လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁ နာရီ ၄၅ မိနစ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့၊ မင်းဖူးနယ်က အရပ်ဘက် ဆေးရုံ အဆောက်အဦ ပျက်စီးခဲ့ကာ ဆေးကုသမှုခံနေကြတဲ့ အရပ်သားပြည်သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေပါ ပြင်းထန်တဲ့ ဒဏ်ရာတွေပါ ရရှိခဲ့တယ်လို့  အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သုံးလကျော် တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တပ်စခန်းတွေ တခုပြီးတခု လက်လွှတ်ဆုံးရှုံး နေရသလို အရေးပါတဲ့ ဗျူဟာကုန်း၊ မြို့တွေကိုပါ အေအေက သိမ်းပိုက်ထားတာကြောင့် ဒေသခံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်တဝန်းလုံးမှာ သေဆုံးသူ ၁၁၁ ဦး အထိရှိကာ ဒဏ်ရာ ရရှိသူ ၃၅၇ ဦးအထိ ရှိတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တဝန်း  တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် နိုဝင်ဘာ ၁၃ ရက်အထိ စစ်ဘေးရှောင်ဦးရေ ၃၃၁၆၀၇ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013