DVB Logo
Home
မြန်မာသတင်း
ပြည်နှင့်သာယာဝတီခရိုင် စစ်ကြောရေးများတွင် အသတ်ခံသူ ၃၀ ကျော် ရှိလာ
DVB
·
February 27, 2024
ပြည်နှင့်သာယာဝတီခရိုင် စစ်ကြောရေးများတွင် အသတ်ခံသူ ၃၀ ကျော် ရှိလာ
Donate to DVB

ပဲခူးတိုင်း ပြည်ခရိုင်နဲ့ သာယာ၀တီခရိုင်တွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အဖမ်းခံရသူတွေထဲက  ၃၀ ကျော်လောက်က စစ်ကြောရေးတွေမှာ အသတ်ခံလိုက်ပြီး မိသားစုတွေကို သေဆုံးသွားပြီဆိုတာလောက်ပဲ အကြောင်းကြားကာ အလောင်းတွေကိုတော့ ပြန်မပေးဘူးလို့ ကာယကံရှင်မိသားစုအသိုက်အဝန်းက ပြောပါတယ်။ 

ရွှေတောင်မြို့နယ်ထဲမှာတော့ အခုလို အသတ်ခံရတာ ၆ ယောက်ရှိပြီး အမျိုးသားလူငယ်တွေပဲ ဖြစ်ကြကာ အဲ့ဒီအထဲမှာ CDM ကျမ်းမာရေးမှူးတယောက်က နောက်ဆုံး ၂၀၂၃ နှစ်ကုန်ပိုင်းမှာအသတ်ခံခဲ့ရတာလို့ မိသားစု၀င်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ်ထဲမှာ ၁၉ ယောက်ထပ်မနည်း အသတ်ခံရပြီး အများစုက ဒီနှစ် ဇန်န၀ါရီ နဲ့ ဖေဖော်ဝါရီလထဲမှာ များပြီး အားလုံးက စစ်ကြောရေးမှာပဲ အသတ်ခံရတာလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တယောက်က ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲ စစ်တပ်ထဲ စစ်ကြောရေးလုပ်ရင်း အသတ်ခံလိုက်ရတာ ၅ ယောက်ရှိပြီလို့ နတ်တလင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အလားတူ အုတ်ဖိုမြို့နယ်က အုတ်ဖိုတောတွင်းတနေရာမှာ စခန်းချနေတဲ့ PDF တပ်ဖွဲ့ မိသားစု၀င်တယောက်ကို ကလေးသွားမွေးပေးတဲ့ အသက် ၂၈ နှစ်အရွယ် သူနာပြုဆရာမ မမေဇွန်မိုးကိုလည်း  ၂၀၂၃ ခု ဇန်နဝါရီ ၂၉ ရက် အဖမ်းခံရချိန်ကနေ  ရက် ၂၀ နီးပါးအတွင်း အုတ်ဖိုမြို့နယ် စရဖရုံးခန်းထဲမှာ နှိပ်စက်ညှဉ်းပန်းခံပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ PDF တွေရှိတဲ့နေရာ လိုက်ပြခိုင်းရင်း တောတွင်းတနေရာမှာ သတ်ပစ်လိုက်ကြောင်း ဒေသခံPDF တပ်ဖွဲ့တာ၀န်ရှိသူဆီကနေ သိရပါတယ်။

ဒီဗွီဘီကနေ စုံစမ်းသိရလောက်  ပြည်ခရိုင်၊ သာယာ၀တီခရိုင်ထဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွေမှာ အသတ်ခံရသူ စုစုပေါင်း ၃၀ ကျော်ဟာ  တကယ့်မြေပြင်စာရင်းတွေအရ ဒီထပ်ပို့နိုင်ကြောင်း၊ တချို့ ကာယကံရှင်တွေက မိသားစုဝင်တွေ ထပ်မံအဖမ်းခံရမှာ စိုးရိမ်ပြီး မပြောရဲကြပါဘူး။

မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013