DVB Logo
Home
မြန်မာသတင်း
တာမခန်စခန်းသိမ်းတိုက်ပွဲအတွင်း လူနေအိမ်များ မီးလောင်ပျက်စီး
DVB
·
February 27, 2024
တာမခန်စခန်းသိမ်းတိုက်ပွဲအတွင်း လူနေအိမ်များ မီးလောင်ပျက်စီး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက ဒေသအခေါ် နန့်ရေတောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီကတည်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းကို သိမ်းပိုက်ရရှိထားပြီး လက်ရှိ စစ်တပ်စခန်းကုန်း သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက်တိုက်ပွဲ ဝင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက် ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ် နေတဲ့အပြင် လေကြောင်းကနေပါ လာရောက် ပစ်ခတ်မှုတွေလည်း ရှိနေတာပါ။

အဲဒီတိုက်ပွဲကြောင့် တာမခန်ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာထဲ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရသလို အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တာမခံ၊ ဆယ်ဇင်း ကျေးရွာအနီးမှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေကို KIAနဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ ပြည်သူတွေကြားမှာ လွန်ခဲ့တဲ့ အပတ်ကတည်းက သတင်းပျံ့နှံ့နေတာကြောင့် တာမခံကပြည်သူတချို့ကတော့ ကြိုတင်ထွက်ပြေး တိမ်းရှောင်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မနေ့က ရဲစခန်းသိမ်းခံလိုက်ရတာကြောင့် တာမခံရွာထဲကို လက်နက်ကြီးနဲ့ နေရာစုံက ပစ်ကူနေပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတာ၊ စက်သေနတ်နဲ့လာပစ်တာတွေရှိခဲ့သလို ဖေဖော်ဝါရီ ၂၇ ရက် မနက်အထိ လေကြောင်းပစ်ကူပေးနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်ရှိ တာမခံဘက်သွားရောက်နိုင်တဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းကို ပြီးခဲ့တဲ့နှစ် ဩဂုတ် ၇ ရက်က KIA နဲ့ KPDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ တပတ်အကြာမှာ စခန်းစွန့်ခွာလိုက်တာကြောင့် စစ်တပ်ဘက်က ပြန်ပြီးတပ်စွဲနေပါတယ်။

ဒါ့အပြင် ဖားကန့် ဝှေခါစခန်းနဲ့ နန့်တိန်းစခန်းကို KIA ပူးပါင်းတပ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွ‌င်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013