DVB Logo
Home
နိုင်ငံတကာ
ခရိုင်းမီးယားကို ပြန်ရရန် ဆက်လက်တိုက်ပွဲဝင်ရမည်ဟု သမ္မတ ဇလန်းစကီးပြော
DVB
·
February 27, 2024
ခရိုင်းမီးယားကို ပြန်ရရန် ဆက်လက်တိုက်ပွဲဝင်ရမည်ဟု သမ္မတ ဇလန်းစကီးပြော
Donate to DVB

ယူကရိန်းနဲ့ သူ့ရဲ့ နိုင်ငံတကာမိတ်ဘက်တွေဟာ ယူကရိန်း ထိန်းချုပ်မှုအောက်ရှိ ခရိုင်းမီးယားကို ပြန်လည်ရရှိဖို့ ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာဇလန်းစကီးက ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောကြားလိုက်ပြီး ခရိုင်းမီးယားကို ရုရှားသိမ်းပိုက်ထားတာ ၁၀ နှစ်ရှိပြီလို့ ကိယက်ဗ်က မှတ်သားထားပါတယ်။

တနင်္လာနေ့မှာ ယူကရိန်းဟာ မော်စကိုရဲ့ သိမ်းပိုက်ခြင်းအတွက် လမ်းခင်းပေးခဲ့တဲ့ ရုရှား ကျောထောက်နောက်ခံပြု လှုပ်ရှားမှုကို ဆန့်ကျင်တဲ့အနေနဲ့ ခရိုင်းမီးယားမြို့တော် Simferopol မှာ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။

ဇလန်းစကီးက “ခရိုင်းမီးယားနဲ့ ယူကရိန်းရဲ့ တခြားသိမ်းပိုက်ထားတဲ့ အစိတ်အပိုင်းအားလုံးမှာ ပြည်သူတွေအတွက် တိုက်ပွဲဝင်ရမယ်။ ခရိုင်းမီးယားအပြင် တခြားမြေတွေအတွက်လည်း ဆက်စပ်နေတဲ့ နိုင်ငံတကာဥပဒေကို အပြည့်အဝ ပြန်လည်ထူထောင်ရေးအတွက် တိုက်ပွဲဝင်ရမှာဖြစ်တယ်”လို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ယူကရိန်းရဲ့ မိတ်ဘက်တွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းသုံ့ပန်းတွေအားလုံး ပြန်ရောက်လာရေး၊ ယူကရိန်းမှ နှင်ထုတ်ခံရသူတွေ ပြန်ရောက်ရှိရေးနဲ့ ခရိုင်းမီးယား နိုင်ငံရေးအကျဉ်းသားတွေ ပြန်ရောက်လာရေးဟာ အကြွင်းမဲ့ ဦးစားပေး ဖြစ်ပြီးတော့ ဒါကို ကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံအားလုံးကို ကျေးဇူးတင်ပါတယ်လို့လည်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။

“ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ပြီး ကျနော်တို့နယ်မြေနဲ့ ပြည်သူတွေကို သိမ်းပိုက်ခံရမှုကနေ ပြန်ရရှိအောင် လုပ်နိုင်ပြီးတော့ ရုရှားက လုပ်ခဲ့တဲ့အတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်ရပါမယ်” လို့လည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသွားပါတယ်။

မော်စကိုဟာ ၂၀၁၄ ခုနှစ်မှာ လျှို့ဝှက်ကျူးကျော်မှုမှတဆင့် ပင်လယ်နက်ကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အဝချေမှုန်းဖို့ ခရိုင်းမီးယားကို အသုံးချခဲ့ပါတယ်။

ရုရှားနိုင်ငံကတော့ သမ္မတ ဗလာဒီမာပူတင်က မော်စကိုမှာ စာချုပ်ချုပ်တဲ့နေ့ မတ်လ ၁၈ ရက်ကို သိမ်းပိုက်တဲ့နေ့အဖြစ် အမှတ်အသား ပြုထားပါတယ်။

ကိယက်ဗ်ဟာ ခရိုင်းမီးယား အပါအဝင် သူ့ရဲ့ ၁၉၉၁ နယ်နိမိတ်တွေကို ပြန်လည်ရရှိတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပြီး ရုရှားတပ်တွေ အပြည့်အဝ ဆုတ်ခွာသွားမယ့် ငြိမ်းချမ်းရေး အစီအစဉ်ကို ဦးဆောင်နေပါတယ်။

မော်စကိုရဲ့ ကျူးကျော်မှုကလည်း ၃ နှစ်တာကာလထဲ ရောက်လာတာနဲ့အမျှ ယူကရိန်းစစ်တပ်ဟာ ကြီးမားကျယ်ပြန့်တဲ့ ရှေ့တန်းတလျှောက်မှာ ရုရှားတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ရုန်းကန်နေရပါတယ်။

Source/Photo-Reuters/Ritzau Scanpix/Ida Marie Odgaard

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013