DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလူငယ်က ရည်းစားကို သဝန်တိုပြီး ဓားဖြင့်ထိုးသတ် 
DVB
·
February 27, 2024
ထိုင်းတွင် မြန်မာလူငယ်က ရည်းစားကို သဝန်တိုပြီး ဓားဖြင့်ထိုးသတ် 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆလာပူရီခရိုင် နောင်ခဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာလူငယ် ၁ ဦးက သူ့ရည်းစားကို သဝန်တိုပြီး ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

၂၀၂၄ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၃ နာရီလောက်က နောင်ခဲမြို့နယ် နောင်ပလာမော်ရပ်ကွက်ထဲမှာ လူသတ်မှုဖြစ်ပွားကြောင်း  ရဲတပ်ဖွဲ့အရေးပေါ်လိုင်း ၁၉၁ ကို အကြောင်းကြားလာတာကြောင့် လူနာတင်ကား၊ သက်သေခံစစ်ရဲတပ်ဖွဲ့၊ နယ်မြေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေနဲ့အတူ သွား ရောက်စစ်ဆေးခဲ့တယ်လို့ နောင်ခဲနယ်မြေရဲစခန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ မြန်မာ နဲ့ လော ရွှေ့ပြောင်းအလုပ်သမားအများစု ငှားနေကြတဲ့ အခန်းတွဲ တွေထဲက အခန်းအမှတ် ၇၀ ထဲမှာဖြစ်ပြီး အနက်ရောင်တီရှပ်အင်္ကျီ နဲ့  အနီရောင်ဘောင်းဘီဝတ် ထားတဲ့ မိန်းကလေး ၁ ဦး သွေးအိုင်ထဲမှာ လဲကျနေတာလို့ ဆိုပါတယ်။ 

သေဆုံးသူမှာ အသက် ၂၀ အရွယ် မေ ဆိုသူ မြန်မာမိန်းကလေးဖြစ်ပြီး လည်ပင်းပြတ်ရှ ဒဏ်ရာ အပြင် ဘယ်ဘက်ရင်အုံမှာရော ခန္ဓာအနှံ့မှာ ဓားနဲ့အထိုးခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။ 

လူသတ်တရားခံမှာ မိန်းကလေးရဲ့ အခန်းနဲ့ မျက်စောင်းထိုးအခန်းမှာနေထိုင်သူ  ဟိန်း အမည်ရှိ အသက် ၂၅ နှစ်ရွယ် မြန်မာအလုပ်သမား ၁ ဦးဖြစ်ကြောင်း၊ အခင်းမဖြစ်ခင်ရှေ့က ဟိန်းမှာ မေရဲ့အခန်းထဲမှာ အတူရှိနေတယ်၊ နှစ်ဦးသားစကားပြောနေစဉ် မေရဲ့ဖုံးထဲကို မက်ဆေ့ချ် ဝင် လာတယ်၊ အဲဒီမက်ဆေ့ကို ဟိန်းက ဖတ်ကြည့်ရာမှာ အခြားအမျိုးသား ၁ ဦးက မေကို သမီးရည်းစားစကား ပြောလာတာဖြစ်ပြီး ဟိန်းက သဝန်တိုပြီး မေနဲ့စကားများကြတယ်၊ အဲဒီ နောက် ဟိန်းက မီးဖိုချောင်သုံးဓား သွားယူလာပြီး မေကို ထိုးသတ်လိုက်တာလို့ ဆိုပါတယ်။ 

ဟိန်းဟာ လူသတ်မှုကျူးလွန်ပြီးနောက် သူ့အခန်းထဲပြန်သွားပြီး အဝတ်အစားတွေ လဲပြီးနောက် ပြစ်မှုကျူးလွန်စဉ် ဝတ်ခဲ့တဲ့ ဝတ်စုံနဲ့ တထွာလောက်ရှိတဲ့ ဓားမြှောင်ကိုလည်း အိမ်သာထဲ ပစ်ထားခဲ့ပါတယ်။ 

အဲဒီနောက် သူ့သူငယ်ချင်းတယောက်ကို သူဟာ လူသတ်မှုကျူးလွန်ခဲ့ပြီဆိုပြီး ရဲကိုအ ကြောင်းကြားခိုင်းကြောင်း၊ သူဟာ ဘယ်ကိုမှထွက်မပြေးဘဲ ရဲတွေရောက်လာတော့ အသာတကြည်အဖမ်းခံခဲ့တယ်လို့  ချနယ်လ် ၇ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြသွားပါတယ်။ 

အလားတူ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲလမတ်မြို့နယ်ထဲမှာလည်း  မြန်မာလူငယ် ၁ ဦး က မြန်မာအမျိုးသမီးကြီး ၁ ဦးကို သတ်ဖြတ်ပြီး ထွက်ပြေးပုန်းရှောင်တဲ့အမှုတခု ဖြစ်ပွားခဲ့ပါတယ် ။ 

မယ်လမတ်မြို့နယ် ခနေကျိအုပ်စု ဟွေ့ပလတ်ကောင့်ကျေးရွာက နေအိမ်တအိမ်မှာ အမျိုးသ မီးကြီးတဦး အသတ်ခံရကြောင်း  ရွာသူကြီးက ဖေဖော်ဝါရီ ၂၇ မနက်မှာ အကြောင်းကြား တာကြောင့် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မယ်လမတ်နယ်မြေရဲ စခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အသက် ၆၂ နှစ်ရွယ်ရှိ ဒေါ်လှဆိုသူ မြန်မာအမျိုးသမီးကြီး ၁ ဦး အိမ်အောက်မှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့  သွေးအိုင်ထဲ လဲကျသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

ရွာသားတွေ ပြောပြချက်အရ လူသတ်မှုကျူးလွန်သူမှာ အသက် ၂၆ နှစ်ရွယ်ရှိ နိုင်းအနုဆွန်ဆိုသူ မြန်မာ ၁ ဦးဖြစ်ကြောင်း၊ သူဟာ ထိုင်းမှာ ဆယ်နှစ်ခံဘတ်ကို ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းစစ်တပ်၊ ရဲနဲ့ နယ်ခြားလုံခြံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့တွေဟာ လူသတ်မှုကျူး လွန်သူကို လိုက်လံရှာဖွေရာ သောင်ရင်းမြစ်ဘေးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

သူဟာ သောင်ရင်းမြစ်ကို ကူးပြီး မြန်မာပြည်ဘက်ထွက်ပြေးဖို့ လှေစောင့်စီးနေစဉ်  အဖမ်းခံလိုက်ရတာဖြစ်ကြောင်း၊ လူသတ်မှုကျူးလွန်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေပဲလို့  မယ်လမတ်ရဲစခန်းတာဝန်ရှိသူက ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013