DVB Logo
Home
နိုင်ငံတကာ
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ၂ ဦးထက်မနည်း သေဆုံး
DVB
·
February 27, 2024
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ၂ ဦးထက်မနည်း သေဆုံး
Donate to DVB

အစ္စရေး စစ်လေယာဉ်တွေဟာ လက်ဘနွန်နိုင်ငံထဲက ဘက်ခါးတောင်ကြားကို ဖေဖော်ဝါရီ ၂၆ ရက်က ပစ်ခတ်ခဲ့လို့ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၂ ဦးထက်မနည်း သေဆုံးတယ်လို့ လက်ဘနွန်နိုင်ငံထဲက သတင်းရင်းမြစ်တွေက သီးခြားစီပြောပါတယ်။

၂၀၂၃ အောက်တိုဘာလမှာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာ တပ်တွေက အစ္စရေးအပေါ် ရန်လိုတိုက်ခိုက်မှု စတင်ကတည်းက ခုထိ အစ္စရေးက လက်ဘနွန် ပိုင်နက်ထဲကို အနက်ရှိုင်းဆုံး ဝင်ရောက်တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

အစ္စရေး ဒရုန်းယာဉ်တစီးကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်လို့ လက်ဘနွန်အုပ်စုက ပြောအပြီး လက်တုံ့ပြန်တဲ့အနေနဲ့ ဘက်ခါးတောင်ကြားက ဟစ်ဇ်ဘိုလာတွေရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အစ္စရေး တိုက်လေယာဉ်တွေက ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ကြား ပဋိပက္ခဟာ ဂါဇာပဋိပက္ခနဲ့ ခေတ်ပြိုင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်လိုတာတွေ အရှိန်မြင့်လာလို့ ၂၀၀၆ ခုနှစ်က စစ်ဖြစ်ဖူးတဲ့ လက်နက်အကြီးအကျယ် ပိုင်ဆိုင်တဲ့ ၂ နိုင်ငံကြားမှာ နောက်ထပ် တိုက်ပွဲတွေ ပိုပြင်းထန်ကျယ်ပြန့်လာမယ့် ဘေးအန္တရာယ်တွေ မြင့်မားနေပါတယ်။

အောက်တိုဘာကတည်းက ခုထိ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် လက်ဘနွန်မှာ အရပ်သား အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား အယောက် ၂၀၀ ကျော် သေဆုံးခဲ့တာပါ။

လက်ဘနွန်ဘက်က အစ္စရေးကို တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား တဒါဇင်လောက်နဲ့ အရပ်သားငါးယောက် သေဆုံးခဲ့ပါတယ်။

ဟာဂျီယာဒေသအတွက် တာဝန်ရှိတဲ့ ဟစ်ဇ်ဘိုလာ စစ်ဦးစီးမှူးကို သုတ်သင်တာ၊ လက်ဘနွန် တောင်ပိုင်းက အိုက်တာအဘ်ရှက်ဘ် ရွာအတွင်း ဟစ်ဇ်ဘိုလာ စစ်တပ်ဝင်းကို တိုက်ခိုက်နေပုံ၊ ကော်ကာဘာရွာအတွင်းကနေ ဂိုလန်ကုန်းမြင့်ဆီ ပစ်ခတ်နေတဲ့ အရင်းအမြစ်ကို ပစ်ခတ်နေပုံတို့ကို ရိုက်ကူးပြီး စာတန်းထိုးထားတဲ့ ရုပ်သံကို အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013