DVB Logo
Home
နိုင်ငံတကာ
ဘီလာရုစ်အာဏာရှင် သမ္မတလူကာရှန်ကို ရွေးကောက်ပွဲထပ်မံဝင်ပြိုင်မည်
DVB
·
February 26, 2024
ဘီလာရုစ်အာဏာရှင် သမ္မတလူကာရှန်ကို ရွေးကောက်ပွဲထပ်မံဝင်ပြိုင်မည်
Donate to DVB

၁၉၉၄ ကတည်းက အာဏာရခဲ့ပြီး တိုင်းပြည်ကို အနှစ် ၃၀ လောက် အုပ်ချုပ်နေတဲ့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲလည်း ထပ်မံယှဉ်ပြိုင်ဦးမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်က အတည်ပြုခဲ့ပါတယ်။

ရုရှားရဲ့ အိမ်နီးချင်းလည်းဖြစ်၊ မဟာမိတ်လည်းဖြစ်တဲ့ ဘီလာရုစ်မှာ လူကာရှန်ကိုဟာ လွှတ်တော်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ “အဓိပ္ပာယ်မရှိတဲ့ဟာသတွေ” လို့ ဝေဖန်ပြီး အတိုက်အခံတွေက သပိတ်မှောက်ထားပါတယ်။

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က စတင်ပြီး တနင်္ဂနွေနေ့မှာမှ ပြီးတဲ့ လွှတ်တော်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ ဘယ်လိုမှ ဒီမိုကရေစီနည်းမကျဘူးလို့ အမေရိကန်ကလည်း ဝေဖန်ထားပါတယ်။ သမ္မတရွေးကောက်ပွဲကိုတော့ ၂၀၂၅ မှာမှ ကျင်းပမှာဖြစ်ပါတယ်။

လူကာရှင်ကိုက “သူတို့ကိုပြောလိုက်စမ်း ငါ ရွေးကောက်ပွဲ ထပ်ပြိုင်မယ်လို့။ ဘယ်လို တာဝန်ယူမှုရှိတဲ့ သမ္မတမျိုးကမှ သူနဲ့အတူ တိုက်ပွဲဝင်တဲ့ သူ့ပြည်သူတွေကို စွန့်ပစ်မှာ မဟုတ်ဘူးကွ”လို့ ပြောကြားခဲ့တယ်လို့ သူ့အဖွဲ့ကစီမံတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

ရွေးကောက်ပွဲမှာ အစိုးရလိုလားတဲ့ ပါတီလေးခုက ကိုယ်စားလှယ်တွေပဲ ဝင်ပြိုင်ခွင့်ရပြီး အဲဒီပါတီတွေအားလုံးက လူကာရှန်ကိုရဲ့ မူဝါဒတွေကို ထောက်ခံကြပါတယ်။

လူကာရှန်ကိုက အာဏာပိုင်တွေဟာ ၂၀၂၀ ဆန္ဒပြပွဲတွေကနေ သင်ခန်းစာယူနိုင်ခဲ့ပြီး တနင်္ဂနွေရွေးကောက်ပွဲမှာ ဘာပုန်ကန်မှုမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013