
အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ မေလက အဖမ်းခံရတဲ့ ဩစတြီးယားနိုင်ငံသား လက်ယာစွန်း အမျိုးသားရေးဝါဒီ အသက် ၈၄ နှစ်အရွယ် ဟားဘာ့တ် ဖရစ်ဇ်ကို တာလီဘန်တွေက ဖေဖော်ဝါရီ ၂၅ ရက်မှာ ထောင်ကနေ လွှတ်ပေးလိုက်ပါတယ်။
ဖရစ်ဇ်ဟာ သူပြန်လွှတ်ရေး သေချာအောင် ကူညီပေးတဲ့ ကာတာအစိုးရက ကြားဝင်ဖျန်ဖြေပေးအပြီး အဲဒီနေ့အစောပိုင်းမှာ ဒိုဟာမြို့ဆီ ရောက်လာတယ်လို့ ဩစတြီးယား အစိုးရက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ဖရစ်ဇ်ဟာ အာဖဂန်ကို ပြန်လာအပြီး အသက်ရှင်လျက် ရှိသေးတယ်လို့ မနှစ်က သူအဖမ်းခံရအပြီးမှာ ဩစတြီးယားသတင်းစာ ဒါစတန်းဒတ်က ပြောခဲ့ပါတယ်။
ဒါဟာ အာဖဂန်အတွက် ဒုက္ခသည်တွေ ပြန်လာနိုင်တဲ့ ဘေးကင်းတဲ့နိုင်ငံဆိုတဲ့ အချက်ကို ငြင်းခုံကြဖို့ မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့တယ်လို့ သတင်းစာက ရေးပါတယ်။
ဖရစ်ဇ်ကို သူလျှိုမှုသံသယနဲ့ တာလီဘန်တွေက ဖမ်းခဲ့တာလို့လည်း သတင်းစာက ရေးခဲ့ပါတယ်။
မေလတည်းက ဖရစ်ဇ် ပြန်လွတ်ရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
သူ ဩစတြီးယားကို ပြန်လာနိုင်ရေး ကူညီပေးခဲ့တဲ့အတွက် ဥရောပသမဂ္ဂနဲ့ ကာတာ ကိုယ်စားလှယ်တွေကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။
ဖရစ်ဇ်ဟာ ၁၉၈၈ မှာ ပိတ်ပင်ခံရတဲ့ အစွန်းရောက် လက်ယာအုပ်စု အမျိုးသား ဒီမိုကရက်တစ်ပါတီ (NDP) ကို တည်ထောင်သူ အဖွဲ့ဝင်တဦးလို့ ဒါစတန်းဒတ်နဲ့ တခြား မီဒီယာတွေက ပြောပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင် ဩစတြီးယား လက်ယာစွန်း လွတ်လပ်ရေးပါတီက ဖရစ်ဇ်ဟာ အာဖဂန်မှာ စာအုပ်တအုပ်ရေးဖို့ သုတေသန လုပ်နေတာလို့ ပြောပါတယ်။
လက်ယာစွန်း လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ဩစတြီးယား တော်လှန်ရေး စာရွက်စာတမ်းဌာနကတော့ ဖရစ်ဇ်ဟာ အစွန်းရောက် လက်ယာစွန်း နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ တက်ကြွတဲ့ ပါဝင်လှုပ်ရှားသူတဦးလို့ ရည်ညွှန်း ပြောဆိုထားပါတယ်။
Source/Photo-Reuters










