DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်၊ မရိုးတောတောင်ရွာတပ်စခန်းကို PDF တပ်က စီးနင်းတိုက်ခိုက်သိမ်းပိုက်
DVB
·
February 26, 2024
မုံရွာမြို့နယ်၊ မရိုးတောတောင်ရွာတပ်စခန်းကို PDF တပ်က စီးနင်းတိုက်ခိုက်သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မရိုးတောတောင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီလောက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက် စခန်းသိမ်းခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပျံလွှားအဖွဲ့၊ Chindwin Brothersအဖွဲ့၊ မုံရွာခရိုင်အမှတ် ၁၄  မဟာဗန္ဓုလတပ်ရင်းနဲ့ အထူးကွန်မန်ဒို ကျော်ကြီးတပ်စိပ်တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အထူးကွန်မန်ဒိုတပ်ရင်း တာဝန်ရှိသူ ကျော်ကြီးက “သူတို့ မရိုးတောတောင်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲနေတာကို ကျနော်တို့ ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။ အဲလိုပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများပြီး ကိုင်းရွာဘက်ကို ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေထံကနေ 5.56mm ကျည်တောင့် ၅၀၀၊ ယူနီဖောင်း ၈ စုံ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ကျောပိုးအိတ် ၇ လုံး၊ ငွေကျပ် ၅၀,၀၀၀၊ ဓားမြှောင် ၂ လက်၊ ဓားရှည် ၁ လက်၊ ခြင်းကြား ၁ လုံး၊ ဟန်းကောချိုင့် ၃ လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း စတာတွေနဲ့  ပစ်ခတ်ခံရလို့ အဆိုပါ အထိုင်စခန်းတွေကို ကာကွယ်နိုင်ဖို့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဘုတလင်မြို့နယ် တောင်ခြမ်း၊ မုံရွာမြို့နယ် အရှေ့ခြမ်းကို ကင်းလှည့်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013