DVB Logo
Home
မြန်မာသတင်း
ဆင်ဘိုမြို့က စစ်ကောင်စီ တပ်ရင်း ၁ ခုကို KIA ပူးပေါင်းတပ်များတိုက်ခိုက်
DVB
·
February 25, 2024
ဆင်ဘိုမြို့က စစ်ကောင်စီ တပ်ရင်း ၁ ခုကို KIA ပူးပေါင်းတပ်များတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက စတင်ပြီး  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်တယ်လို့ သိရပါတယ်။

ဆင်ဘိုမြို့နယ်က ခြေလျင်တပ်ရင်း ခလရ ၁၄၁ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ခြေလျင်တပ်ရင်း ခလရ ၁၄၁ ကို မနက် ၇ နာရီလောက်က KIA အဖွဲ့တွေ သွားတိုက်တာ။ ဟိုးအရင် ရက်တွေကလည်း KIA က အဲဒီတပ်ရင်းကို  သွားတိုက်ဖူးတယ်။ ဒီကြားထဲ ခဏနားပြီး ဒီနေ့မှ ထပ်သွားတိုက်တာ။ အဲဒီတပ်ရင်းက ဆင်ဘိုမြို့နဲ့ ၃ မိုင်ကျော်လောက်ပဲ ဝေးတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေရော၊ လေယာဉ်နဲ့ရော ပစ်တယ်။ နားလိုက် ပစ်လိုက်နဲ့ပဲ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတုန်း နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်တပ်က ဂျက်လေယာဉ် ၂ စင်းနဲ့ ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ မြို့တွင်းဝ င်ရောက်စီးနင်းနိုင်ခဲ့ပြီးနောက် အခု ဖေဖော်ဝါရီ ၂၄ ရက်မှာ မြို့နဲ့ ၃ မိုင်ကျော်လောက်က တပ်ရင်းကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထိအခိုက် အကျအဆုံးကိုတော့ သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဆင်ဘိုမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံအများစုကတော့ ဘေးလွတ်မယ်ထင်ရာ ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013