DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုသော်လည်း ဝယ်ယူရခက်ခဲစေရန် စီမံထား
DVB
·
February 25, 2024
ဂျာမနီတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုသော်လည်း ဝယ်ယူရခက်ခဲစေရန် စီမံထား
Donate to DVB

ဂျာမနီနိုင်ငံမှာ ဆေးခြောက်ကို အပန်းဖြေဖို့အတွက် သုံးစွဲတာကို ဂျာမနီပါလီမန်က  ဥပဒေပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့  ဝယ်ယူရခက်ခဲအောင်တော့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။

ဥပဒေအရ ဂျာမနီနိုင်ငံမှာ အသက် ၁၈ နှစ်ကျော်သူတွေဟာ  အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးခြောက်ပမာဏ ၂၅ ဂရမ်အထိ လက်ဝယ်သယ်ဆောင်လာခွင့်ရှိမှာဖြစ်ပြီး အိမ်တွေမှာ ဆိုရင်တော့ ၅၀ ဂရမ်အထိ ထားရှိခွင့်ရမှာဖြစ်ပါတယ်။ 

အများနဲ့ဆိုင်တဲ့ နေရာအများစုမှာ ဆေးခြောက်ရှူတာဟာ ဧပြီလ ၁ ရက်နေ့ကစပြီး တရားဝင်မှာဖြစ်ပြီး ကျောင်းတွေ၊ အားကစားကွင်းတွေလို မသုံးရလို့ တားမြစ်ကန့်သတ်ထားတဲ့ နေရာတွေတော့ ဆက်ရှိနေမှာပါ။

မူလစီစဉ်ထားသလို လိုင်စင်ရဆိုင်တွေ၊ ဆေးဆိုင်တွေမှာ ဆေးခြောက်ရောင်းခွင့်ပေးမယ့် အစီအစဉ်ကိုတော့ ဖျက်ပစ်လိုက်ပါတယ်။

အဲဒီအစား စီးပွားဖြစ်မဟုတ်တဲ့ “ဆေးခြောက်လူမှုရေးကလပ်” တွေ ဖွင့်ခွင့်ပေးမှာဖြစ်ပြီး အဲဒီကလပ်တွေက စိုက်ပျိုးပြီး အကန့်အသတ်နဲ့ ဖြန့်ဖြူးပေးရမှာပါ။

ကလပ်တခုကို အဖွဲ့ဝင် ၅၀၀ ထက် ပိုမထားရသလို ဝယ်တဲ့နေရာမှာ တန်းသုံးတာလည်း ခွင့်မပြုထားပါဘူး။

ကိုယ့်ဘာသာ စိုက်ပျိုးမှုကိုလည်း တအိမ်ထောင်ကို သုံးပင်ပဲလို့ ကန့်ထားပါတယ်။ ဆေးခြောက် လက်ဝယ်ထားတာ၊ သုံးတာဟာ အရင်က တရားမဝင်ပေမဲ့ ဘာလင်လိုမြို့ကြီးတွေမှာ ပြဿနာမဖြစ်ဘူးဆိုရင် ရဲတွေက မသိချင်ယောင်ဆောင်ထားလေ့ရှိပါတယ်။

ဒီလိုပိတ်ထားပေမဲ့ လူငယ်တွေကြားမှာ ဆေးခြောက်သုံးတာ မြင့်လာတာကြောင့် မှောင်ခိုဈေးကွက်ကို ဖျက်ဖို့၊ မသန့်ရှင်းတဲ့ ဆေးခြောက်သုံးစွဲမှုတွေက ကာကွယ်ဖို့နဲ့ ဒုစရိုက်ဂိုဏ်းတွေ ဆေးခြောက်က ဝင်ငွေရတာကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး ကျန်မာရေးဝန်ကြီးကိုယ်တိုင် ဒီဥပဒေပြဋ္ဌာန်းရေး ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကို ဘန်ဒက်စတက် လို့ခေါ်တဲ့ ဂျာမနီလွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အကြိတ်အနယ် ဆွေးနွေးခဲ့ကြအပြီးမှာ ၄၀၇ မဲ၊ ၂၂၆ မဲ နဲ့အတည်ပြုတာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Matthias Rietschel

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013