DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းချေးငွေလိမ်လည်နေသည့်အဖွဲ့ ရန်ကုန်တွင် ဖမ်းဆီးခံရ
DVB
·
February 24, 2024
အွန်လိုင်းချေးငွေလိမ်လည်နေသည့်အဖွဲ့ ရန်ကုန်တွင် ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Mashala Tech CO.,Ltd အမည်ရှိ အွန်လိုင်းချေးငွေ လိမ်လည်လုပ်ကိုင်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။

ဦးဇေယျာမင်း အမည်နဲ့ မှတ်ပုံတင်ထားပြီး တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian က ဦးဆောင်နေတဲ့ Mashala Tech CO.,Ltd အမည်ရှိ အွန်လိုင်း ချေးငွေလုပ်ငန်းကို ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် ၄၄/၅၆ MMG Tower၊ ၆ လွှာ၊ အခန်း ၆၀၄ မှာ ဖွင့်လှစ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၉ ရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ် ၄၅၈/က မှာ နေထိုင်တဲ့ မဆုရည်နွယ် ဆိုသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးရာကနေ ကျန်ဝန်ထမ်းတချို့နဲ့ ကြီးကြပ်သူတချို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဲဒီ အွန်လိုင်းချေးငွေလုပ်ငန်းကို ဝန်ထမ်းအင်အား ၉၁ ယောက်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိမှာ ဝန်ထမ်း ၁၃ ယောက်နဲ့ သူတို့ လိမ်လည်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေဖြစ်တဲ့ Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် ၁ စီးတို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အကြမ်းဖျင်း လုပ်ပုံကိုင်ပုံတွေအနေနဲ့ လူတွေကို လိုက်လံစည်းရုံးတယ်။ ငွေချေးပေးမယ်ဆိုပြီး ငွေချေးပေးတယ်။ တခြားလုပ်ငန်းတွေနဲ့ မြှူဆွယ်တယ်။ ပြီးရင် ဒီလူဆီကနေ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့အကောင့်တွေ ဖုန်းထဲမှာ သူတို့ရဲ့ application တွေကို install လုပ်ခိုင်းတယ်။ သွင်းလိုက်တဲ့အချိန်မှာ သူ့ရဲ့ Contact list တွေ၊ ဖုန်းထဲမှာ ရှိနေတဲ့ သူနဲ့ဆက်သွယ်နေတဲ့ ဖုန်းနံပတ်တို့ အချက်အလက်တို့ အကုန်လုံး ရယူသွားပါတယ်။ ရယူသွားပြီး သူက ငွေချေးတဲ့ပုံစံမျိုး လုပ်ပါတယ်။ ပြီးရင် သူတို့ ငွေချေးထားတယ်ဆိုပြီး ငွေဘယ်လောက်ပေးဆိုပြီး ငွေညှစ်ပါတယ်။ ငွေမပေးဘူးဆိုရင် ဖုန်းနံပတ်တွေအကုန်လိုက်ဆက်ပြီး အရှက်ခွဲတာ၊ ခြိမ်းခြောက်တာ၊ ဆဲဆိုတာတွေ အဆက်မပြတ်လုပ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ နစ်နာသူတွေရဲ့ ပြောဆိုချက်အရ ဖမ်းဆီးတာဖြစ်ပါတယ်” လို့ နိုင်ငံပိုင်မီဒီယာကို ပြောဆိုထားပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၃ ရက် မနေ့ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့က အွန်လိုင်းငွေကြေးလိမ်လည်နေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၀၀ နီးပါးကို ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။

Photo – MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013