DVB Logo
Home
နိုင်ငံတကာ
လျှို့ဝှက်ဈာပနကို သဘော မတူပါက နာဗယ်လ်ညီအလောင်းကို အကျဉ်းထောင်၌ပင် မြှုပ်နှံမည်ဟု ရုရှားအာဏာပိုင် ပြော
DVB
·
February 24, 2024
လျှို့ဝှက်ဈာပနကို သဘော မတူပါက နာဗယ်လ်ညီအလောင်းကို အကျဉ်းထောင်၌ပင် မြှုပ်နှံမည်ဟု ရုရှားအာဏာပိုင် ပြော
Donate to DVB

ရုရှားအာဏာပိုင်တွေဟာ ကွယ်လွန်သူ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီရဲ့ အလောင်းကို  မိခင်ဖြစ်သူက အချိန် ၃ နာရီအတွင်းမှာ အများသူငှာ တက်ရောက်တဲ့ ဈာပန မကျင်း ပဘဲ မြှုပ်နှံဖို့ သဘော မတူရင် နာဗယ်လ်ညီ သေဆုံးသွားရာ အကျဉ်းထောင်မှာပဲ မြှုပ်နှံလိုက်တော့မယ်လို့ ပြောဆိုခဲ့ကြောင်း နာဗယ်လ်ညီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရာယာမစ်ရှ် က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

“ပြီးခဲ့တဲ့ ၁ နာရီလောက်က စုံစမ်းရေးမှူးက အလက်ဇီရဲ့အမေကို ဖုန်းဆက်ပြီး ရာဇသံ ပေးခဲ့တယ်။  ၃ နာရီအတွင်း လူသိရှင်ကြား နှုတ်ဆက်ခြင်းမပြုဘဲ လျှို့ဝှက်ဈာပနကျင်းပဖို့ သဘောတူမလား ဒါမှမဟုတ် အလက်ဇီကို ထောင်မှာပဲ မြှုပ်ထားလိုက်မလား ဆိုတာ ပြောခဲ့တယ်”လို့ ကီရာ ယာမက်ရှ် က X လူမှုမီဒီယာ ပလက်ဖောင်းမှာ ပို့စ်တင်ထားပါတယ်။ 

နာဗယ်လ်ညီရဲ့ မိခင် လျုဒ်မီလာကတော့ သူ့သားကို ဘယ်နေရာမှာ ဘယ်လိုမြှုပ်နှံရမယ် ဆိုတာ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတာကြောင့် IC နဲ့ ညှိနှိုင်းဖို့လည်း ငြင်းဆိုခဲ့ပြီး သူ့သားအလောင်းကို သူ့ဆီ ပြန်ပေးဖို့ပဲ ဆက်လက်တောင်းဆိုနေတယ်လို့ ယာမက်ရှ်က ပြောပါတယ်။ 

လျုဒ်မီလာဟာ သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်အပြီး ၂ ရက်အတွင်း အလောင်းကို လွှဲပြောင်းပေးအပ်ရမယ် ဆိုတဲ့ ဥပဒေအတိုင်းပဲ လိုက်နာပေးဖို့ တောင်းဆိုနေတယ် လို့ ဆိုပါတယ်။

သူ လက်မှတ်ထိုးထားတဲ့ ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းတွေအရ ဒီ ၂ ရက်တာကာလကလည်း နက်ဖြန်ကုန်ဆုံးမှာ ဖြစ်ကြောင်းနဲ့ အာဏာပိုင်တွေက ဈာပနနဲ့ အောက်မေ့ဖွယ် အခမ်းအနား တွေကို ပုံမှန်အလေ့အထနဲ့အညီ ခွင့်ပြုပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာပါလို့လည်း ဆိုပါတယ်။  

သမ္မတ ဗလာဒီမာပူတင်ရဲ့ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးပြိုင်ဘက် နာဗယ်လ်ညီဟာ စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ကျော် ကျခံနေခဲ့ရတဲ့ အာတိတ် ရာဇ၀တ်အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ တပတ်ကပဲ ရုတ်တရက် ကွယ်လွန်သွားခဲ့တာပါ။ 

အသက် ၆၉ နှစ်ရှိ သူ့မိခင် လျုဒ်မီလာက သူ့အလောင်းကို မိသားစု၊ မိတ်ဆွေတွေနဲ့ သူ့ကို ထောက်ခံအားပေးသူတွေ အောက်မေ့ဂါရဝ ပြုခွင့် ရအောင် လွှဲယူခွင့်ပြုဖို့ အာဏာပိုင်တွေဆီမှာ ရက်ပေါင်းများစွာ တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013