DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲလွန်ဂါဇာ၏ လုံခြုံရေးနှင့်အရပ်ဘက်ရေးရာများကို ထိန်းချုပ်မည့် အစီအစဉ် နေတန်ယာဟု ထုတ်ပြန်
DVB
·
February 24, 2024
စစ်ပွဲလွန်ဂါဇာ၏ လုံခြုံရေးနှင့်အရပ်ဘက်ရေးရာများကို ထိန်းချုပ်မည့် အစီအစဉ် နေတန်ယာဟု ထုတ်ပြန်
Donate to DVB

စစ်ပွဲလွန်ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးနဲ့ အရပ်ဘက်ရေးရာတွေကို အဆုံးမရှိထိန်းချုပ်သွားမဲ့ အစ္စရေးအစိုးရရဲ့  အစီအစဉ်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ဖေဖော်ဝါရီ ၂၃ ရက်မှာ ချပြခဲ့ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်ပွဲကာလပြီးသွားရင် ဂါဇာပြန်လည်ထူထောင်ရေးနဲ့ ပါလက်စတိုင်း နိုင်ငံ ပေါ်ပေါက်ရေးကို မျှော်မှန်းထားတဲ့ အမေရိကန်ရဲ့ အစီအစဉ်နဲ့ဆန့်ကျင်နေပါတယ်။ 

နေတန်ယာဟုရဲ့ အစီအစဉ်အရ အစ္စရေးကို ရန်လိုတဲ့အဖွဲ့အစည်းတွေနဲ့ လုံးဝမပတ်သက်တဲ့ ပါလက်စတိုင်းတွေကပဲ နယ်မြေကို ကွပ်ကဲခွင့်ရမှာဖြစ်ပါတယ်။

လက်ရှိအနောက်ဘက်ကမ်းဒေသတချို့ကို ကွပ်ကဲခွင့်ရနေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ဂါဇာကမ်းမြောင်ကိုပါ ယာယီကွပ်ကဲစေဖို့ အမေရိကန်ဘက်က လိုလားနေတာဖြစ်ပါတယ်။

ဒါပေမဲ့ စာမျက်နှာ နှစ်မျက်နှာသာပါတဲ့ ထုတ်ပြန်ချက်မှာ PA နဲ့ပတ်သက်လို့ နေတန်ယာဟုက လုံးဝ ရည်ညွှန်းမထားပါဘူး။

နိုင်ငံတကာကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့ တဖွဲ့က ဂါဇာကို အုပ်ချုပ်ဖို့ဆိုတာကိုလည်း ဝန်ကြီးချုပ်က ပယ်ချထားပါတယ်။ 

ဂါဇာကမ်းမြောင်ကို လုံးဝ စစ်မဲ့ဖြစ်အောင်လုပ်မှာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး လုံလောက်တဲ့ ပမာဏကလွဲလို့ တခြားစစ်ရေး စွမ်းဆောင်နိုင်စွမ်း အားလုံးဖယ်ရှားဖို့ အစ္စရေးက တာဝန်ယူ သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အစွန်းရောက်မှုပယ်ဖျက်ရေး စီမံချက်တွေကိုလည်း ဘာသာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေး အဖွဲ့တွေမှာ သက်ရောက်စေမှာဖြစ်ပြီး ဒါမျိုးစီမံချက်တွေမှာ အတွေ့အကြုံရှိတဲ့ အာရပ်နိုင်ငံတွေ ပါဝင်သင့်တယ်လို့တော့ ရေးထားပါတယ်။ 

ဂါဇာကမ်းမြောင်ရဲ့ မြေပြင်၊ ရေပြင်၊ လေထု အားလုံးရဲ့ လုံခြုံရေးကို အစ္စရေးကသာ ထိန်းချုပ် သွားမှာဖြစ်ပြီး အီဂျစ်နဲ့ထိစပ်နေတဲ့ ဂါဇာတောင်ပိုင်းနယ်စပ်ကိုလည်း မြေပေါ်မြေအောက် မှောင်ခို မသွင်းနိုင်အောင် လုံးဝပိတ်ဆို့သွားမယ်လို့ဆိုပါတယ်။ 

နေတန်ယာဟုရဲ့ အစီအစဉ်ဟာ ‘ကိုလိုနီဝါဒီ၊ လူမျိုးရေးခွဲခြားသူတွေရဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လုံးဝ လက်မခံနိုင်ဘူးလို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ထုတ်ပြန်ထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013