DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲ ခွင့်ပြု၊ ဝယ်ယူရ ခက်ခဲစေရန် စီမံထား 
DVB
·
February 24, 2024
ဂျာမနီတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲ ခွင့်ပြု၊ ဝယ်ယူရ ခက်ခဲစေရန် စီမံထား 
Donate to DVB

ဂျာမနီပါလီမန်လွှတ်တော်ဟာ ဆေးခြောက်ကို အပန်းဖြေဖို့ သုံးစွဲတာကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေ တရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က အတည်ပြုလိုက်ပြီး ဝယ်ယူရခက်ခဲအောင်တော့ စည်းမျဉ်းတွေချမှတ်ထားပါတယ်။ 

ဥပဒေအရ ဂျာမနီနိုင်ငံမှာ အသက် ၁၈ နှစ်ကျော်သူတွေဟာ  အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးခြောက်ပမာဏ ၂၅ ဂရမ်အထိ လက်ဝယ်သယ်ဆောင်လာခွင့်ရှိမှာဖြစ်ပြီး အိမ်တွေမှာ ဆိုရင်တော့ ၅၀ ဂရမ်အထိ ထားရှိခွင့်ရမှာဖြစ်ပါတယ်။   

အများနဲ့ဆိုင်တဲ့နေရာအများစုမှာ ဆေးခြောက်ရှူတာဟာ ဧပြီ ၁ ရက်ကစပြီး တရားဝင်မှာ ဖြစ်ပါတယ်။ 

ကျောင်းတွေ၊ အားကစားကွင်းတွေလို မသုံးရလို့ တားမြစ်ကန့်သတ်ထားတဲ့နေရာတွေတော့ ဆက်ရှိနေမှာပါ။ 

မူလစီစဉ်ထားသလို လိုင်စင်ရဆိုင်တွေ၊ ဆေးဆိုင်တွေမှာ ဆေးခြောက်ရောင်းခွင့်ပေးမဲ့ အစီအစဉ်ကိုတော့ ဖျက်ပစ်လိုက်ပါတယ်။ 

အဲဒီအစား စီးပွားဖြစ်မဟုတ်တဲ့ “ဆေးခြောက်လူမှုရေးကလပ်” တွေ ဖွင့်ခွင့်ပေးမှာဖြစ်ပြီး အဲဒီ ကလပ်တွေက စိုက်ပျိုးပြီး အကန့်အသတ်နဲ့ဖြန့်ဖြူးပေးရမှာပါ။ 

ကလပ်တခုကို အဖွဲ့ဝင် ၅၀၀ ထက်ပိုမထားရသလို ဝယ်တဲ့နေရာမှာ တန်းသုံးတာလည်း ခွင့်မပြုထားပါဘူး။ 

ကိုယ့်ဘာသာစိုက်ပျိုးမှုကိုလည်း တအိမ်ထောင်ကို ၃ ပင်ပဲလို့ကန့်ထားပါတယ်။ ဆေးခြောက် လက်ဝယ်ထားတာ၊ သုံးတာဟာ အရင်က တရားမဝင်ပေမဲ့ ဘာလင်လိုမြို့ကြီးတွေမှာ ပြဿနာ မဖြစ်ဘူးဆိုရင် ရဲတွေက မသိချင်ယောင်ဆောင်ထားလေ့ရှိပါတယ်။ 

ဒီလိုပိတ်ထားပေမဲ့ လူငယ်တွေကြားမှာ ဆေးခြောက်သုံးတာမြင့်လာတာကြောင့် မှောင်ခိုစျေးကွက် ကို ဖျက်ဖို့၊ မသန့်ရှင်းတဲ့ ဆေးခြောက်သုံးစွဲမှုတွေက ကာကွယ်ဖို့နဲ့ ဒုစရိုက်ဂိုဏ်းတွေ ဆေးခြောက်က ဝင်ငွေရတာကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး ကျန်မာရေးဝန်ကြီးကိုယ်တိုင် ဒီဥပဒေပြဋ္ဌာန်းရေး ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ 

ဘန်ဒက်စတက်လို့ခေါ်တဲ့ ဂျာမနီလွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြအပြီးမှာ ၄၀၇ မဲ၊ ၂၂၆ မဲ နဲ့အတည်ပြုတာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013