DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့နယ်၊  ဇရပ်ကြီးမြို့တွင်  ဈေးမီးလောင်
DVB
·
February 24, 2024
ထန်းတပင်မြို့နယ်၊  ဇရပ်ကြီးမြို့တွင်  ဈေးမီးလောင်
Donate to DVB

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ‌ဇရပ်ကြီးဈေးမှာ  ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၂ နာရီခွဲလောက်က  မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇရပ်ကြီးဈေးက ဈေးတန်းပိုင်း ကားလမ်းဘေးမှာတည်ရှိပြီး ပေါ့ဆမီးကြောင့်မဟုတ်ဘဲ ရှို့မီးကြောင့်မီးလောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "သူခိုးဝင်ခိုးပြီး ရှို့တာဖြစ်နိုင်ပါတယ်။ ဈေးကတော့ တော်တော်လေးပါသွားပြီ။ အိမ်နှစ်လုံးလည်းပါသွားတယ်။ နောက်အိမ်တစ်လုံးကတော့ ခေါင်မိုးပါသွားတယ်။‌ ဈေးကုန်ခါနီးမှ လူတွေလည်း သိကြတာ။ အခုတော့ မီးသတ်လည်း‌ရောက်ပြီး။ မီးလည်း ထိန်းနိုင်သွားပြီ" လို့ ပြောပါတယ်။

ဇရပ်ကြီးဈေး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ ကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

ဇရပ်ကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတာဖြစ်ပြီး မကြာသေးခင်ကမှ ဒေသခံတွေ ပြန်လည်ရောက်ရှိနေထိုင်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013