DVB Logo
Home
နိုင်ငံတကာ
ဆန္ဒပြ အိန္ဒိယလယ်သမားများကို ဆစ်ခ်စစ်သည်တော်များအဖွဲ့ ဝန်းရံ
DVB
·
February 23, 2024
ဆန္ဒပြ အိန္ဒိယလယ်သမားများကို ဆစ်ခ်စစ်သည်တော်များအဖွဲ့ ဝန်းရံ
Donate to DVB

နီဟန်းဆစ်ခ်အုပ်စု ခေါ် ဆစ်ခ်စစ်သည်တော်များအဖွဲ့ဟာ အိန္ဒိယမြောက်ပိုင်းရှိ အစိုးရဆီက သူတို့ထွက်ကုန်တွေ ဈေးကောင်းရရှိရေး တောင်းဆိုနေကြတဲ့ ဆန္ဒပြလယ်သမားတွေဆီ လာရောက် အားဖြည့်ဝန်းရံခဲ့ကြပါတယ်။

ဒါလ်ခါဆာလို့ လူသိများတဲ့ နီဟန်းဆစ်ခ်တပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ရာဂျာရမ်ဆင်းန် က သူတို့ဟာ အကြမ်းဖက်သမားတွေ၊ ခွဲထွက်ရေးသမားတွေ မဟုတ်ဘဲ ရိုးသားပြီး သစ္စာရှိကြသူတွေဖြစ်တယ်၊ လယ်သမားညီအစ်ကိုတွေကို ကူညီဖို့နဲ့ မတရားမှုတွေကို တိုက်ဖျက်ဖို့ လာရောက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးတွေနဲ့ ရော်ဘာကျည်ဆန်တွေ ပစ်ခတ်ပြီး လယ်သမားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း ပြောဆိုပါတယ်။

သူတို့ဟာ ထွက်ပြေးမှာလည်း မဟုတ်သလို လယ်သမားတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်နေပြီး လယ်သမားခေါင်းဆောင်တွေကသာ ရှေ့ဆက်တိုးဖို့ ခေါင်းညိတ်လိုက်တာနဲ့ သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခေါ်ယူလိုက်ဖို့ အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။

ညနက်သန်းခေါင်မှာတောင် ဒီဆန္ဒပြသူတွေ အခက်အခဲကြုံရရင် ပြင်ဆင်ထားရမယ်လို့ လည်း ရာဂျာရမ်ဆင်းန်က ပြောပါတယ်။

အိန္ဒိယမှာ နီဟန်း ဆစ်ခ်စစ်သည်တော်အဖွဲ့ဟာ သူတို့ရဲ့ သိုင်းသူရဲကောင်းတွေထက် နာမည်ပိုကျော်ကြားကြပြီး လူမှုရေးအရ ဖိနှိပ်ခံရချိန်တွေမှာ ဆစ်ခ်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်တွေက နီဟန်း စစ်သည်တော်တွေကို ခေါ်ယူ အကူအညီတောင်းကြလေ့ ရှိပါတယ်။

မြောက်ပိုင်းပန်ဂျပ်ပြည်နယ်မှ အများစုပါဝင်တဲ့ လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေအတွက် ပိုမြင့်မားတဲ့ဈေးနှုန်းကို တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုကြတဲ့ ဒေလီကိုသွားကြစို့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် မြို့တော်ကို ချီတက်နေတာ သီတင်းတပတ်ကျော် ရှိနေပါပြီ။

လယ်သမားခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေအကြား မအောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့အတူ မုန်တိုင်းတပ်ဖွဲ့ဝင်တွေဆိုတဲ့ ဆစ်ခ် စစ်သားအုပ်စုဟာ မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်တွေနဲ့ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့ကြတဲ့ ရဲတပ်ဖွဲ့နဲ့ ကီလိုမီတာ ၂၀၀ အကွာအဝေးမှာ ရပ်တန့်နေကြပါတယ်။

လယ်သမားခေါင်းဆောင်တွေကတော့ သူတို့ဟာ ဆန္ဒပြလူငယ်တဦး သေဆုံးပြီးနောက် ၂ ရက်ကြာလောက် သူတို့ရဲ့လှုပ်ရှားမှုကို ခေတ္တရပ်နားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။

အာဏာပိုင်တွေကတော့ အဲဒီအမျိုးသားမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး အကြောင်းရင်းကို မသတ်မှတ်ရသေးကြောင်း ဒေသခံမီဒီယာတွေကို ပြောပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းမှာ ပြည်နယ် တဒါဇင်လောက်က သူတို့ခေါင်းဆောင် ၁၀၀ ကျော်လောက်ဟာ အကြမ်းဖက်မှုနဲ့ အစီအစဉ်တွေအကြောင်း ဆွေးနွေးဖို့ မြောက်ပိုင်း ချန်းဒီဂါမြို့မှာ ဆွေးနွေးပွဲကျင်းပမှာဖြစ်ကြောင်း လယ်သမားတွေက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013