DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် အမျိုးသမီးသတင်းသမားများ၏ ဘေးအန္တရာယ်လုံခြုံရေး လုပ်ဆောင်ပေးစေလို
DVB
·
February 23, 2024
ပြည်ပရောက် အမျိုးသမီးသတင်းသမားများ၏ ဘေးအန္တရာယ်လုံခြုံရေး လုပ်ဆောင်ပေးစေလို
Donate to DVB

ပြည်ပရောက် မြန်မာအမျိုးသမီးသတင်းသမားတွေကို ဘေးကင်းလုံခြုံရေး၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လုံလောက်တဲ့ပြည့်စုံမှုရရှိအောင် ဆောင်ရွက်ပေးသင့်တယ်လို့ Exile hub ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာအမျိုးသမီးသတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေကို ရေးသားပြုစုထားတဲ့  Voice from exile (The safety of Myanmar Women Journalists) စာတမ်းကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြည်တွင်းပြည်ပမီဒီယာတွေကို ထောက်ပံ့ကူညီ Exile Hub  မိတ်ဆက်ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းဌာနအဖွဲ့အစည်း ၃၂ ခုက  အမျိုးသမီး သတင်းသမား ၇၉ ယောက်ကို မေးမြန်းထားတဲ့အထဲ ဖြေဆိုသူ အမျိုးသမီးသတင်းသမား ၇၀ ရာခိုင်နှုန်းကျော်က ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်း တက်ရောက် ထားတာမျိုးမရှိလို့  ဖော်ပြထားပါတယ်။

အမျိုးသမီးတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြည့်စုံလုံလောက်ဖို့ လိုအပ်နေတယ်လို့ Exile Hub ရဲ့ စာတမ်းပြုစုသူက ပြောပါတယ်။

“အခုလောလောဆယ် နိုင်ငံခြားရောက်နေတဲ့ အမျိုးသမီးသတင်းထောက်တွေအတွက်ကတော့ သူတို့ရဲ့ safety အတွက်တော့ အဆင်မပြေဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ပရောက်နေတဲ့ သတင်းထောက်တွေက safety risk တွေ အများကြီးရှိတယ်။ ကျမတို့မြင်တာကတော့ အမျိုးသမီးသတင်းထောက်တွေရယ်၊ သတင်းထောက်အားလုံးတွေဟာ ဒီ safety training တွေ ထပ်ပေးသင့်တယ်လို့ ထင်တယ်။ ကျမတို့မြင်တာက ဟုတ်ပါတယ် ၇၀ ရာနှုန်းလောက်သော သတင်းထောက်တွေက safety training တွေဘာတွေ ဘာမှ မသင်ခဲ့တာ တွေ့ရတယ်ပေါ့။”

လုံခြုံရေးလို့ ဆိုတဲ့နေရာမှာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးတွေအပါအဝင် ဥပဒေရေးရာလုံခြုံရေးတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အလုပ်မှာ အခက်အခဲတွေက သတင်းရင်းမြစ်တွေနဲ့ ဆက်သွယ်ရတဲ့အခါ နှစ်ဖက် လုံခြုံရေးအရ နာမည်အတိအကျဖော်ပြခွင့်မရတဲ့အတွက် ယုံကြည်မှုမရရှိတာ နာမည်တည်ဆောက်ဖို့ ခဲယဉ်း တာနဲ့ ရာထူးအဆင့်တိုးတက်ရေးတွေမှာ နှောင့်နှေးတာစတာတွေကိုတွေ့ရပြီး၊ ဖြေဆိုသူ အမျိုးသမီး သတင်းသမား  ၇၂ ဒသမ ၂ ရာခိုင်နှုန်းက ဘေးအန္တရာယ်ကင်းရှင်းဆိုင်ရာ သင်တန်းတွေ တက်ရောက်ထားတာမရှိဘူးလို့ သိရပါတယ်။

အမျိုးသမီးသတင်းထောက်တဦးက “ပြည်တွင်းထဲမှာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မလုံခြုံတော့လို့ အခုလိုမျိုး ပြည်ပနိုင်ငံကိုထွက်လာတာပေါ့လေ။ သတင်းထောက်ဆိုပြီးတော့ ဒီမှာပေါ်ပေါ်ထင်ထင် နေရတာမဟုတ်တဲ့အတွက် အခက်အခဲတွေက အများကြီးပေါ့လေ။ နေထိုင်ခွင့်ဆိုတဲ့နေရာမှာလည်း နေထိုင်ခွင့်ရရုံအနေအထားနဲ့ နေနေရတာပေါ့။ ကတ်အမျိုး အစားအရပေါ့။ အရင်က မိသားစုတခုတည်းရှိရာကနေ အခုဆိုရင်မိသားစု နှစ်ခု ခွဲလိုက်သလို ဖြစ်သွားတာပေါ့။ ဒီဘက်မှာလည်း ကိုယ်ရပ်တည်ဖို့ နေထိုင်စရိတ်ရှိတယ်။ စားစရိတ်သောက်စရိတ်ရှိတယ်။ စားစရိတ် သောက်စရိတ်ရှိတယ်။ ရေဖိုးမီးဖိုးက အစပေါ့ အကုန်လုံးပူပန်နေရတဲ့အခါကျတော့ ကိုယ်ရတဲ့ လစာနဲ့ အဆင်ပြေရုံ လောက်ပဲ ပြောရမယ်”လို့ ပြောပါတယ်။

အဆိုပါသုသေတနစစ်တမ်းကနေ အလှူရှင်အဖွဲ့အစည်းတွေ၊ မီဒီယာအဖွဲ့အစည်းတွေ၊ စာနယ်ဇင်းအထောက်အကူပြုအဖွဲ့တွေနဲ့ နောက်လာမယ့် သုတေသနစာတမ်းတွေကို ပိုကောင်းတဲ့အခြေအနေတွေအတွက် အကြံပြုထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် သတင်းသမားအများစုက ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ပြည်တွင်းထဲမှာ အမျိုးသမီးသတင်းထောက် ၂၈ ယောက်က အဖမ်းခံခဲ့ရပြီး   ၂၂ ယောက်က ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရမှုတွေအပါ ၆ ယောက်ကတော့ ထောင်ထဲမှာရှိ နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းထောက်တွေကိုဖမ်းဆီးထောင်ချရမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်တယ်လို့  သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ၂၀၂၄ ဇန်နဝါရီမှာ ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013