DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း လာရောက်နေထိုင်သူများ ဧည့်စာရင်းတိုင်ရမည်
DVB
·
February 23, 2024
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း လာရောက်နေထိုင်သူများ ဧည့်စာရင်းတိုင်ရမည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားတွေ ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးစာထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ချက်ထွက်ရှိလာတာဖြစ်ပြီး အိမ်ရှင်တွေ၊ တည်းခိုခန်းနဲ့ ဟိုတယ် မန်နေဂျာတွေ၊ နိုင်ငံခြားဧည့်သည်တွေ လက်ခံပါက ၂၄ နာရီအတွင်း အကြောင်းကြရမယ်လို့ မဲဆောက်မြို့ရှိ တိုက်ခန်းတွဲတွေ ငှားရမ်းနေသူတွေထံက သိရပါတယ်။

မယ်တောင်မြို့နယ်ဒေသခံ အဝီလ်က " ဒါမျိုး တခါမှ ဥပဒေထုတ်တာမရှိဘူး။ နင်တို့ မြန်မာတွေ အများကြီး ဒီဘက်ရောက်လာလို့ဖြစ်မယ်။ အထောက်အထား မစုံတဲ့သူဆို ငါတို့ အခန်းငှားပေးလို့ မရတော့ဘူး။ ပြဿနာတက်ရင်လည်း ငါတို့ မရှင်းနိုင်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက B.E 2522 ပုဒ်မ ၃၈ ဥပဒေအရ ဧည့်နိုင်ငံသားတွေ လာရောက်နေထိုင်တဲ့ အချိန်မှစတင်ပြီး ၂၄ နာရီအတွင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လာရောက်တိုင်ကြားနိုင်ပြီး TM.30 ဖောင်နဲ့လည်း အွန်လိုင်းကတဆင့် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည့်သူစစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေ အများအပြား နယ်စပ်ဖြတ်ကျော် ထပ်မံရောက်ရှိလာကာ တာ့ခ်ခရိုင် အတွင်း လာရောက်နေထိုင်သူတွေ များပြားလာတဲ့အတွက် ဧည့်စာရင်းတိုင်ခိုင်တာ ဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံသားတွေက ပြောပါတယ်။ 

ဧည့်စာရင်းဥပဒေထုတ်ပြန်လာတဲ့အတွက်  ထိုင်းငံသားတွေက နေအိမ်အဆောက်အဦနဲ့ တိုက်ခန်းတွဲတွေ ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေဟာ နေထိုင်ခွင့်အထောက်အထား ပြည့်စုံစွာမရှိသူတွေကို  ငှားရမ်းပေးတာ မရှိတော့ဘူးလို့ သိရပါတယ်။ 

မြန်မာနိုင်ငံအတွင်း အခက်အခဲတွေကြောင့် တိမ်းရှောင်လာရသူ ကိုမင်းထွန်းက "စစ်မှုမထမ်းချင်လို့ ရှောင်လာတာ ရောက်ရောက်ချင်းပဲ အထောက်အထားမရှိရင် အခန်းပေး မငှားတော့ဘူးဆိုတော့ ဘယ်သွားနေရမလဲ မသိတော့ဘူး။ ကျနော့် အရင်ရောက်လာသူတွေက ဒီမှာ လူစုပြီးငှားနေလို့ရတယ်ဆိုလို့ ထွက်လာတာ။ အလုပ်လုပ်ဖို့က ဘာအဆက်အသွယ်မှ မရသေးဘူး။ နေစရာကို အခက်အခဲဖြစ်နေပြီ။‌ နေထိုင်ခွင့်အထောက်အထားတွေ လုပ်ဖို့ကလည်း ငွေကြေး အဆင်မပြေသေးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲပဲ ပြန်သွားဖို့ စီစဉ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကလည်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံတွင်းကို တရားဝင်လာရင် ကြိုဆိုမှာဖြစ်ပေမဲ့ တရားမဝင်လာရင် ဥပဒေအရ အရေးယူခံရမယ်လို့ သတိပေး ပြောကြားထားပါတယ်။

Photo- Myo naing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013