DVB Logo
Home
နိုင်ငံတကာ
လူမှုကွန်ရက်တွင် သတင်းဖော်ပြသည့်အတွက် ပိုက်ဆံပေးရမည်ဟု အင်ဒိုနီးရှား ပြောဆိုချက် မက်တာကုမ္ပဏီ တုံ့ပြန်
DVB
·
February 23, 2024
လူမှုကွန်ရက်တွင် သတင်းဖော်ပြသည့်အတွက် ပိုက်ဆံပေးရမည်ဟု အင်ဒိုနီးရှား ပြောဆိုချက် မက်တာကုမ္ပဏီ တုံ့ပြန်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံရှိ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေအနေနဲ့  သတင်းအကြောင်းအရာတွေ ဖော်ပြပေးတဲ့ မီဒီယာတွေကို ပိုက်ဆံပေးချေရမယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက အမိန့်ဒီဂရီတရပ် ထုတ်ပြန်ခဲ့အပြီးမှာ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ မက်တာက  သူတို့မှာ ပေးချေဖို့ တာဝန်မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

ဖော်ပြတင်ဆက်သူတွေက သူတို့သဘောနဲ့ သူတို့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ် တင်တဲ့ သတင်းအကြောင်းအရာတွေအတွက် ပေးစရာအကြောင်းမရှိဘူးလို့ မက်တာရဲ့ အရှေ့တောင်အာရှ ပြည်သူ့ရေးရာမူဝါဒ ဒါရိုက်တာ ရာဖေးလ် ဖရန်ကဲလ်က ပြောပါတယ်။

“မူဝါဒရေးရာချမှတ်သူတွေနဲ့ တိုင်ပင်ပြီးတဲ့နောက်မှာ မက်တာဟာ သတင်းပုံနှိပ်/ထုတ်လုပ်သူတွေ ကျနော်တို့ပလက်ဖောင်းမှာ သူတို့သဘောဆန္ဒအလျောက် လာတင်တဲ့ သတင်းအကြောင်းအရာတွေအတွက် မက်တာမှာ ပေးချေဖို့တာဝန်မရှိဘူးလို့ နားလည်မိပါတယ်” လို့ ဖရန်ကဲလ်က CNN Indonesia ကို ပြောပါတယ်။

သတင်းအကြောင်းအရာတွေ သိဖို့ သုံးစွဲသူတွေက မက်တာရဲ့ ပလက်ဖောင်းတွေမှာ ရှာဖွေဖတ်ရှုကြတာမျိုး မဟုတ်ဘဲ သတင်းပုံနှိပ်ထုတ်ဝေသူတွေကသာ သူတို့သဘောနဲ့သူတို့ သတင်းအကြောင်းအရာတွေကို လာရောက်မျှဝေကြတာ ဖြစ်တယ်လို့လည်း မက်တာက ထုတ်ပြန်ပါတယ်။

သတင်းအကြောင်းအရာတွေအတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေက မီဒီယာတွေကို အခကြေးငွေ ပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖေဖော်ဝါရီ ၂၀ ရက်က သမ္မတဝီဒိုဒို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းဆိုတာက ဖေ့စ်ဘွတ်ခ်နဲ့ အယ်လ်ဖာဘတ် ကုမ္ပဏီရဲ့ ဂူးဂဲလ်တို့ ပါဝင်ပြီး ပြည်တွင်းက သတင်းတွေစုပေးတဲ့ ဝက်ဘ်ဆိုက်တချို့လည်း ပါဝင်ပါတယ်။

ဂူးဂဲလ်ကတော့ စည်းကမ်းချက်ကို သုံးသပ်သွားမှာဖြစ်ပြီး သတင်းပုံနှိပ်ထုတ်ဝေသူတွေနဲ့ရော အစိုးရနဲ့ပါ လက်တွဲလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩစတြေးလျဟာ ၂၀၂၁ မှာ သတင်းအတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေက ပေးချေဖို့ သတ်မှတ်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး ကနေဒါက ၂၀၂၃ မှာ အဲဒီအတိုင်း လိုက်လုပ်ခဲ့ပါတယ်။

ဘရာဇီး၊ နယူးဇီလန်နဲ့ အမေရိကန်တို့မှာလည်း အလားတူဥပဒေတွေ ပြဋ္ဌာန်းဖို့ လေ့လာနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013