DVB Logo
Home
နိုင်ငံတကာ
ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်လ်ညီ၏ ဇနီးနှင့် သမီးကို သမ္မတဘိုင်ဒင် တွေ့ဆုံ
DVB
·
February 23, 2024
ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်လ်ညီ၏ ဇနီးနှင့် သမီးကို သမ္မတဘိုင်ဒင် တွေ့ဆုံ
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကွယ်လွန်သွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီရဲ့ ဇနီးနဲ့ သမီးကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံခဲ့ပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်က “ဒီမနက်မှာ အလက်ဇီ နာဗယ်လ်ညီရဲ့ ဇနီးနဲ့သမီးကို တွေ့ဆုံခွင့်ရခဲ့ပြီး သူတို့ဟာ နာဗယ်လ်ညီရဲ့ မယုံနိုင်လောက်စရာ သတ္တိရှိမှုကို အတုယူကြတာကလည်း အံ့သြစရာကောင်းတယ်” လို့ ပြောပါတယ်။

နာဗယ်လ်ညီ သေဆုံးမှုအတွက် တာဝန်ရှိသူကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တော့မှာ ဖြစ်ကြောင်းနဲ့ ယူလီယာ နာဗယ်လ်နာယာ ကလည်း မနားမနေ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသွားကြောင်း ဆိုပါတယ်။

ကယ်လီဖိုးနီးယားမှာ တွေ့ဆုံချိန်အတွင်း ဘိုင်ဒင်က နာဗယ်လ်ညီရဲ့ ထူးကဲတဲ့ ရဲစွမ်းသတ္တိ၊ သူ့ရဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းနဲ့ လူတိုင်း တရားဥပဒေစိုးမိုးမှုကို တန်းတူညီမျှ ကျင့်သုံးပြီး လွတ်လပ်တဲ့ ရုရှား ဒီမိုကရေစီနိုင်ငံတော်အတွက် ကောင်းကျိုးဆောင်မှုတွေကို ချီးကျူးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နာဗယ်လ်ညီ သေဆုံးမှု၊ ရုရှားရဲ့ ဖိနှိပ်မှု၊ ရန်လိုမှုနဲ့ ယူကရိန်းစစ်ပွဲအရေးတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ရုရှားနိုင်ငံအပေါ် ကြီးမားတဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေကို သောကြာနေ့မှာ ကြေညာမှာဖြစ်ကြောင်း ဘိုင်ဒင်က အတည်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခုနောက်ဆုံး ဒဏ်ခတ်အရေးယူမှုတွေဟာ ရုရှားရဲ့ စီးပွားရေးအတွက် ဝင်ငွေအရင်းအမြစ်တွေနဲ့အတူ ကာကွယ်ရေးနဲ့ စက်မှုအခြေစိုက်စခန်းတွေ အပါအဝင် အကြောင်းကိစ္စ အတော်များများကို ပစ်မှတ်ထားကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ် ဆူလီဗန်က အရင်က ပြောကြားခဲ့ဖူးပါတယ်။

အသက် ၄၇ နှစ်ရှိ နာဗယ်လ်ညီဟာ နှစ်ပေါင်း ၃၀ ထောင်ဒဏ်ကျခံနေတဲ့ အာတိတ်စက်ဝိုင်းအထက်ရှိ ပိုလာဝုလ်ဖ် သီးသန့်အကျဉ်းထောင်မှာ သောကြာနေ့က လမ်းလျှောက်ပြီးချိန်မှာ သတိလစ်လဲကျပြီး ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း အကျဉ်းထောင်ဌာနက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013