DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင်  Grade 9 စာမေးပွဲ မေးခွန်းပေါက်ကြားသဖြင့်  ဖြေဆိုမှုရပ်နား
DVB
·
February 23, 2024
မကွေးတိုင်းတွင်  Grade 9 စာမေးပွဲ မေးခွန်းပေါက်ကြားသဖြင့်  ဖြေဆိုမှုရပ်နား
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ စစ်ကောင်စီစစ်တဲ့  Grade 9 စာမေးပွဲ English ဘာသာ မေးခွန်းလွှာတွေ ပေါက်ကြားခဲ့လို့ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့  English စာဖြေဆိုမှုကို ရပ်နားထားတယ်လို့ ပညာရေးအသိုက်အဝန်းက သိရပါတယ်။

Grade 9 စာမေးပွဲ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မြန်မာစာဖြေဆိုတဲ့ နေ့ကနေ စတင်ကာ English မေးခွန်းတွေ ပြင်ပမှာ ပေါက်ကြားသွားလို့ ဖြေဆိုတာတွေ ရပ်လိုက်ရတာလို့ ဆရာမတဦးက ပြောပါတယ်။

"မနေ့ကတည်းက အဲ့ဒီမေးခွန်းက လိုင်းပေါ်မှာ ပလူပျံနေတာ။ ဒါကိုတိုင်းပညာရေးက ချက်ချင်း အရေးယူဆောင်ရွက်တာမလုပ်ဘဲနဲ့ စာမေးပွဲကို ရက်ရွေ့လိုက်တာ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်။ ဝန်ထမ်းတွေက လုပ်စားပြီးကလေးတွေက ဒုက္ခရောက်တယ်။”

လုံခြုံရေး အဆင့်အတန်းမြှင့်ပြီး ချိပ်ပိတ်ထားတဲ့ကြားက မေးခွန်း အပြင်ကို ပေါက်ကြားရတာဟာ  တိုင်းအစိုးရနဲ့ တိုင်းပညာရေးမှူးမှာ  တာဝန်ရှိတယ်လို့ ကျောင်းသားမိဘတဦးက ဝေဖန်ပြောဆိုပါတယ်။

"မကွေးလို ပဋိပက္ခဖြစ်နေတဲ့ နေရာမျိုးမှာတောင် ဝန်ထမ်းတွေက ကျောင်းသားတွေကို မကြည့်ဘဲ လုပ်တယ်။ မိဘတွေကို မစာနာဘူး တပ်က သားသမီးကို မေးခွန်းပို့ပေးရာကနေ အခုလို ဖြစ်ကုန်တာ။”

စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်းအစိုးရအနေနဲ့ မေးခွန်းပေါက်လို့  Englishစာ ဖြေဆိုမှု ဒီကနေ့ရပ်နားထားပြီး ဖေဖော်ဝါရီ ၂၉ ရက်မှာ ပြန်လည်ဖြေဆိုသွားမှာဖြစ်တယ်လို့ တိုင်းအုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ဒီနေ့နားပြီး မနက်ဖြန် သင်္ချာဖြေမယ်။ ကျန်တဲ့ဘာသာရပ်တွေကိုလည်း နောက်ရက်တွေဖြေမယ်။ English စာကို ၂၉ ရက်မှ ဖြေခိုင်းမှာ။ တိုင်းအစိုးရက အဲ့ကိစ္စနဲ့ ပတ်သက်ပြီး  စစ်ဆေးနေတယ်လို့ကြားတယ်။”

မကွေးတိုင်းဒေသကြီးကို  ခရိုင် ၇ ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်၊ မြို့ ပေါင်း ၃၂ မြို့ ၊ ရပ်ကွက် ၁၉၉ ရပ်ကွက် ၊ ကျေးရွာပေါင်း ၄၇၈၈ ရွာ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013