DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ရှိ လောင်းကစားရုံကို စစ်တပ်က ဝင်ရာက်စီးနင်းပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီး 
DVB
·
February 23, 2024
တာချီလိတ်ရှိ လောင်းကစားရုံကို စစ်တပ်က ဝင်ရာက်စီးနင်းပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီး 
Donate to DVB

ရှမ်းပြည်နယ်အရှေပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ပိတောက်လမ်းသွယ်မှာရှိတဲ့ 1G1 ဟိုတယ် အနောက်ဘက်က အွန်လိုင်းလောင်းကစားရုံကို ဖေဖော်ဝါရီလ ၂၂ ရက်ညပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၁၂ နာရီကျော်ကနေ ဒီကနေ့မနက်အထိ စစ်ကောင်စီတပ်နဲ့ရဲတွေက လောင်းကစားရုံအတွင်းမှ နိုင်ငံခြားသားတွေအပါအဝင် အမျိုးသားအယောက် ၄၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"တပ်ရော ရဲရော အရင်ကတည်းက ပိုက်ဆံရလို့ လိုင်းကြေးယူပြီး ဖွင့်ထားတာ အခုမှဝင်ဖမ်းတာ အဲဒီလောင်းကစားရုံမှာ ဒေသခံတွေတောင်အလုပ်လုပ်နေတာ အခုဖမ်းတာ ကျားဖြန့်ကို မှီပြီး ဖမ်းတာ"လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား၊ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄၀၀ နီးပါးရှိပြီး တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကို စစ်တပ်က အချုပ်သားကားနဲ့ ခေါ်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"စစ်တပ်က ဖမ်းတာဆိုတော့ အချက်အလက်သိပ်မရဘူး တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကို စစ်တပ်က လတ်တလောစစ်ဆေးနေတယ်။ ည ၁၂ နာရီကျော်မှ ဝင်ဖမ်းတာပါ။ ဗမာတွေကိုတော့ ခွဲပြီးစစ်နေတယ်"လို့ ရှင်းပြပါတယ်။

လတ်တလော စစ်တပ်က ဝင်ရောက်ဖမ်းဆီးနေတဲ့အတွက် တာချီလိတ်မြို့ပေါ်နဲ့ ရပ်ကွက် တချို့မှာရှိနေတဲ့ အွန်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူတွေ ရှောင်တိမ်းနေတယ်လို့လည်း သိရ ပါတယ်။

ဝင်ရောက်ဖမ်းဆီးတဲ့ စစ်တပ်ဟာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တွေဖြစ်ပြီး လတ်တလောမှာ လောင်းကစားရုံအတွင်းမှ ငွေကြေးတွေနဲ့ ဖုန်းတွေကို သိမ်းဆည်း ယူဆောင်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်ကတည်းက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က  တရုတ်နိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတွေကို ငွေကြေးရယူကာ  ကောစင်တာ ငွေလိမ်ဂိုဏ်း စတော့ရှယ်ရာ လုပ်ငန်းတွေကို ခွင်ပြုခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013