DVB Logo
Home
အားကစား
အပြောင်းအရွှေ့ကိစ္စ မစဉ်းစားနိုင်သေးဟု နည်းပြအလွန်ဆို ပြော
DVB
·
February 23, 2024
အပြောင်းအရွှေ့ကိစ္စ မစဉ်းစားနိုင်သေးဟု နည်းပြအလွန်ဆို ပြော
Donate to DVB

ဘိုင်ယန်မြူးနစ်၊ လီဗာပူးအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို မစဉ်းစားနိုင်သေးကြောင်း လီဗာကူဆင်နည်းပြ အလွန်ဆိုက ပြောသွားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိ အသင်းနည်းပြ သောမတ်စ်တူဟယ်နဲ့ ရာသီအကုန်မှာ လမ်းခွဲမှာဖြစ်သလို လီဗာပူးအသင်းကလည်း ယာဂန်ကလော့ပ်နဲ့ ရာသီအကုန်မှ လမ်းခွဲမှာပါ။

ဒီအခြေအနေမှာ လီဗာကူဆင်ကို ရှုံးပွဲမရှိရလဒ်နဲ့ ဘွန်ဒက်စ်လီဂါကို ဦးဆောင်နိုင်အောင် စွမ်းဆောင်ထားသူ အလွန်ဆိုကို နှစ်သင်းစလုံးက ခေါ်ယူလိုနေကြတာပါ။

အလွန်ဆိုကတော့ အပြောင်းအရွှေ့ကိစ္စတွေကို မစဉ်းစားနိုင်သေးတာကြောင့် ဘာမှ ပြောစရာမရှိကြောင်း၊ လက်ရှိအသင်းနဲ့ အနာဂတ်အပေါ်မှာပဲ အာရုံစိုက်ထားကြောင်း ပြောခဲ့တာပါ။

စပိန်ကွင်းလယ်ကစားသမားဟောင်းဟာ လီဗာပူးမှာ ၅ နှစ်ကြာ ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာ ၃ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013