DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် နွေရာသီ ယခင်နှစ်များထက် အပူချိန်မြင့်တက်  ပိုမိုပူပြင်းမည်  
DVB
·
February 22, 2024
ထိုင်းတွင် နွေရာသီ ယခင်နှစ်များထက် အပူချိန်မြင့်တက်  ပိုမိုပူပြင်းမည်  
Donate to DVB

ထိုင်းနိုင်ငံမှာ ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက်ကစ ဆောင်းရာသီကုန်ဆုံးပြီး  နွေရာသီ စတင် ဝင်ရောက်ပြီဖြစ်ကြောင်း ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းတနိုင်ငံလုံးနီးပါး နေ့ခင်းဘက် နေရောင်ခြည်ရဲ့အရှိန်ကြောင့် တရိပ်ရပ်ပူပြင်းလာမှာဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ကြောင်းနဲ့ အပူချိန်မှာ အရင်နှစ်တွေကထက် ၁ မှ ၂ ဒီဂရီစင်တီဂရိတ်ထိ ပိုမြင့်နိုင်ကာ တချို့ခရိုင်တွေမှာ အပူချိန် ၄၃ မှ ၄၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်မားမှာဖြစ်ကြောင်း ခန့်မှန်းပါတယ်။ 

တောင်ဘက်အရပ်ကလေတွေဟာ မြောက်ဘက်ကို တိုက်ခတ်လာမှာဖြစ်ပြီး ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတချို့မှာတော့ မနက်ခင်းပိုင်း အအေးဓာတ်တွေရှိနေမယ်၊ ထိုင်းရဲ့ နွေရာသီဟာ မေလကုန်ပိုင်းထိ ရောက်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းအခြေစိုက် TNN-Earth သတင်းမှာတော့ ၂၀၂၄ ဖေဖော်ဝါရီ ၂၄ မှ ၂၆ ရက်တွေအတွင်း တောင်တရုတ်ပင်လယ်ဘက်က လေအေးတွေ ဝင်ရောက်တဲ့အခါ  ထိုင်းနိုင်ငံက အပူရှိန်တွေနဲ့ ထိတွေ့ပြီး  လေပြင်းတိုက်၊ လျှပ်စီးလက်၊ မိုးကြိုးပစ်၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၄ မှ ၂၆ ရက်အတွင်း ဒေသအလိုက်အပူချိန်တွေကတော့ ထိုင်းမြောက်ပိုင်းမှာ အနိမ့်ဆုံး ၁၂ မှ ၃၈ ဒီဂရီစင်တီဂရိတ်၊ ထိုင်းအရှေ့မြောက်ပိုင်းမှာ ၁၉ မှ ၃၉ ဒီဂရီစင်တီဂရိတ်၊ ထိုင်းအလယ်ပိုင်းမှာ ၂၃ မှ ၃၈ ဒီဂရီစင်တီဂရိတ်၊ ထိုင်းအရှေ့ပိုင်းမှာ ၂၄  မှ ၃၇ ဒီဂရီစင်တီဂရိတ်၊ ထိုင်းတောင်ပိုင်းမှာ ၂၂ မှ ၃၈ ဒီဂရီစင်တီဂရိတ်၊ ဘန်ကောက်နဲ့အနီးတဝိုက်မှာ ၂၆ မှ ၃၆ ဒီဂရီစင်တီဂရိတ်ထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မှ ၂ မီတာထိ မြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

photo-TNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013